Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို လက်နက်မရောင်းတာ ကြာပြီလို့ စင်ကာပူဆို

စင်ကာပူဟာ ယခင်စစ်အစိုးရ လက်ထက်တွေမှာ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပေမယ့် တကျော့ပြန် အာဏာသိမ်းတဲ့စစ်ကောင်စီအပေါ်မှာ တင်းမာတဲ့သဘောထားရှိနေပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

အာဏာသိမ်း မြန်မာစစ်ကောင်စီ လက်နက်မရောင်းချတာ ကာလကြာနေပြီလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထပ်မံအတည်ပြုပြောဆိုလိုက်ပါတယ်။

မနေ့က စင်ကာပူ ပါလီမန်မှာ လွှတ်တော်အမတ်တစ်ဦးက စင်ကာပူဟာ မြန်မာစစ်တပ် လက်နက်ထုတ်ဖို့အထောက်အပံ့ဖြစ်စေတဲ့ ကုန်ကြမ်းတွေကို သယ်ယူရာမှာ အရေးပါတဲ့ကြားခံ နိုင်ငံဖြစ်နေတယ်လို့ဖော်ပြထားတဲ့အစီရင်ခံစာတစ်စောင်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဖြေကြားခဲ့ရတာပါ။

အဲဒီအစီရင်ခံဟာကို ကုလအရေးကျွမ်းကျင်သူ တွေစုဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက ပြီးခဲ့ဲ့ဇန်နဝါရီလလယ်ပိုင်းကထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာထွက်လာပြီး ရက်ပိုင်းအတွင်းမှာတင်ပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာစစ်တပ်ထံ စစ်လက်နက် ဒါမှမဟုတ် စစ်လက်နက်ဆက်စပ်ပစ္စည်းတွေကို လွဲပြောင်းပေးပို့တာမရှိဘူးလို့ တုံ့ပြန်ခဲ့ပါသေးတယ်။

စင်ကာပူဟာ ယခင်စစ်အစိုးရ လက်ထက်တွေမှာ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိခဲ့ပေမယ့် တကျော့ပြန် အာဏာသိမ်းတဲ့စစ်ကောင်စီအပေါ်မှာ တင်းမာတဲ့သဘောထားရှိနေပါတယ်။

ကိုးကား − CNA

You May Also Like

သတင်း

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။

သတင်း

ဒေါက်တာခလမ်ဆန်ဆွန်အား ဖမ်းဆီးထားခြင်းအား အမြန်ဆုံးလွှတ်ပေးရန် ကချင်အသိုင်းအဝိုင်းက တောင်းဆိုထားသော်လည်း စစ်ကောင်စီက အမှုထပ်တိုးတရားစွဲဆိုခြင်းများပြုလုပ်လျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် နေအိမ်များ၊ စစ်ဘေးရှောင်တဲများ မီးရှို့ရုံတင်မက ကျေးရွာများရှိ ဆန်ဆီနှင့် စားနပ်ရိက္ခာများပါ ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ည ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အသံမိုင်းခွဲကာ မျှားခေါ်ခဲ့သည်။