Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ် မရိုးကုန်းရွာမီးရှို့ဖျက်ဆီး​သောစစ်အုပ်စုအား PDFနှစ်ရက်ဆက် တိုက်ခိုက်

မြောင်မြို့နယ် မရိုးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများပါသောပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၂ရက်မှစတင်ကာ စစ်ကြောင်းထိုးဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သော​ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဇာမဏီ
စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သော​ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဇာမဏီ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မရိုးကုန်းကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မဟာမိတ်ခြောက်ဖွဲ့တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦးထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တစ်ဖွဲ့က ပြောသည်။

မြောင်မြို့နယ် မရိုးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများပါသောပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၂ရက်မှစတင်ကာ စစ်ကြောင်းထိုးဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“စုစုပေါင်း အင်းအား ၈၃ယောက်ပါတယ်။ ပျူတွေက ဦးဆောင်ပြီး နေရာလိုက်ပြတာ။ နှစ်ရက်ဆက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောယောက်အနည်းဆုံးသေပါတယ်”ဟု မြောင်မြို့နယ်အခြေဆိုက် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

စစ်ကောင်စီစစ်ကြောင်းတွင် ရေတပ်ဝတ်စုံဝတ်စစ်သားအချို့ကိုပါ တွေ့ရှိရသည်ဟု PDF အချို့က ပြောသည်။ ပျုစောထီးများက ဦးဆောင်ကာ ကျေးရွာအတွင်းဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ရက်ဆက်တိုက်ပွဲတွင် ဇာမဏီနှင့် ဒေါင်းညီနောင်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ ပူး​ပေါင်းတိုက်ခိုက်ခဲ့သည်။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၃ တပ်ခွဲ - ၃ ဂဋ္ဌုန်နက် PDF ၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့် တော်လှန်ရေးအင်အားစုများ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

"ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ​​ကျော်ပါ​​သောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။