Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်းမှာ ဒိုင်နာကားမှောက်ပြီး ၃ ဦးသေဆုံး၊ ၁၀ ဦးထိခိုက်ဒဏ်ရာရ

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

ရန်ကုန် − မန္တလေးအမြန်လမ်းမှာ မနေ့ ညနေပိုင်း က ဒိုင်နာ ကားတစ်စီး တိမ်းမှောက်ကာ ၃ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။

အမြန်လမ်းရဲ့ ၂၉၆ မိုင် ၆ ဖာလုံမှာ ညနေပိုင်း ၅ နာရီ ၄၀ မိနစ်ခန့်က တိမ်းမှောက်တဲ့သတင်းရတာလို့ မီးသတ်က ဆိုပါတယ်။

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

ဒဏ်ရာရသူ ၁၀ ဦးမှာ အမျိုးသမီး ၁ ဦးဟာ စိုးရိမ်ရတယ်လို့ မီးသတ်က ဆိုထားပါတယ်။

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

မန္တလေးကနေ ဈေးဝယ်ပြန်လာတဲ့ ကားတိမ်းမှောက်တာဖြစ်ပြီး ဒဏ်ရာရသူတွေကို မိတ္တီလာဆေးရုံကိုပို့ဆောင်ထားတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သာယာလူငယ်ပရဟိတအသင်းက စုံစမ်းသိရပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသူတွေဟာ ပျော်ဘွယ်မြို့နယ် မင်းတဲရွာကဖြစ်တယ်လို့ သိရပါတယ်။

You May Also Like

သတင်း

အောက်တိုဘာလ ၂၆ ရက်စပြီး မန္တလေးဘက် စကားအင်းတိုးဂိတ် ကို နောက်ဆုံးဖြတ်သန်းချိန် ည ၁၀ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

သတင်း

ကားပေါ်မှာ ခရီးသည် ၁၇ ဦးလိုက်ပါလာတာဖြစ်ပြီး သေဆုံးသူ ၃ ဦးဟာအမျိုးသားတွေဖြစ်ပါတယ်။

သတင်း

"လက်ရှိမှာတော့ အမျိုးသမီးနဲ့ခလေးတွေ ပြန်လွတ်သွားပါပြီ။ အမျိုးသားငါးဦးကို ဘယ်မှာဖမ်းဆီးထားလဲမသိရဘူးဗျ"ဟု ဖမ်းဆီးခံမိသားစုများနှင့် နီးစပ်သူက ပြော သည်။

သတင်း

ယမန်နေ့ (ဇူလိုင် ၁၉ ရက်)ည ၈ နာရီ ၁၀မိနစ်ခန့်တွင် စနိုက်ပါတပ်ဖွဲ့မှ စမိုးရဲကင်းအား အီနာဂါဗုံး (၄၀) မမ၊ (၇၉) မမများအပါအဝင် ရှေ့ထွက်မိုင်း၊ တာဝေးပစ်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။