Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရတနာပုံဒိုင်းမွန်းပလာဇာမှာ အခွန်မဆောင်တဲ့ ဆိုင်ခန်းတွေ သိမ်းခံရမယ်လို့ သတိပေး

စည်ပင်အခွန်မဆောင်တဲ့ ဆိုင်ခန်းပိုင်ရှင်တွေဟာ တစ်ပတ်အတွင်း ဆိုင်ပြန်အပ်ရမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာကနေ တဆင့် ဖေဖော်ဝါရီလ ၁၁ ရက်က သတိပေးတာပါ။

ရတနာပုံဒိုင်းမွန်းပလာဇာမှာ အခွန်မဆောင်တဲ့ ဆိုင်ခန်းတွေ သိမ်းခံရမယ်လို့ သတိပေး
ရတနာပုံဒိုင်းမွန်းပလာဇာမှာ အခွန်မဆောင်တဲ့ ဆိုင်ခန်းတွေ သိမ်းခံရမယ်လို့ သတိပေး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မှာ ရှိတဲ့ ရတနာပုံ ဒိုင်းမွန်း ပလာဇာ မှာ ဆိုင်ခန်းပိုင်ရှင်တွေ စည်ပင်အခွန် မဆောင်ကြတဲ့အတွက် ဆိုင်ပြန်သိမ်းမယ်လို့ အဲဒီပလာဇာ စီမံခန့်ခွဲမှု ကော်မတီက စာထုတ်လာပါတယ်။

စည်ပင်အခွန်မဆောင်တဲ့ ဆိုင်ခန်းပိုင်ရှင်တွေဟာ တစ်ပတ်အတွင်း ဆိုင်ပြန်အပ်ရမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာကနေ တဆင့် ဖေဖော်ဝါရီလ ၁၁ ရက်က သတိပေးတာပါ။

ဆိုင်ခန်းပိုင်ရှင်တွေဟာ သဘောတူစာချုပ်မှာ ပါတဲ့ စည်ပင် အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးရဲ့ အခွန်အခတွေကိုမပျက်မကွက်ပေးဆောင်ပါမယ်ဆိုတဲ့ ကတိ ပျက်ကွက်တယ်လို့ ပလာဇာ စီမံခန့်ခွဲမှု ကော်မတီကဆိုပါတယ်။

ဒါအပြင် ဆိုင်ခန်းတွေ ကို ပြန်လည် ဖွင့်တာမရှိတဲ့အတွက် မန္တလေး စည်ပင်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ သတိပေးစာထဲမှာ ဖတ်ရပါတယ်။

” ဈေးဝယ်လည်းမလာတဲ့အတွက် မဖွင့်တာပါ၊ မရောင်းရလို့မဖွင့်ကြတာ” လို့ ဒိုင်းမွန်းပလာဇာဆိုင်ခန်းပိုင်ရှင်တစ်ဦးနဲ့ နီးစပ်သူကပြောပါတယ်။

ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက် ဈေးဝယ်ယူနည်းပါးလာတဲ့အတွက် ဆိုင်ခန်းတွေအားလုံးနီးပါးပိတ်ထားရတာလို့လည်း အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

ရတနာပုံဒိုင်းမွန်းပလာဇာ ဟာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပုဂ္ဂလိကကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောက်လုပ်ခဲ့တဲ့အဆောက်အအုံဖြစ်ပါတယ်။

ဆိုင်ခန်းပေါင်း ၄၀၀နီးပါးရှိတယ်လို့ သိရပါတယ်။

You May Also Like

သတင်း

စောအယ်ခွီးနှင့် ၎င်းနောက်ကွယ်၌ရှိသည့် အုပ်စုများသည် ရည်ရွယ်ချက်ရှိရှိဖြင့် KNLA ၄အား အမျိုးမျိုး စွပ်စွဲ တိုက်ခိုက်သော်လည်း တပ်မဟာ(၄)ဘက်က မည်သည့်အခါမှ ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ဟုဆိုသည်။

သတင်း

ဖဆပလခေတ်တွင် အားကောင်းရှင်သန်လာသည့် ဗမာလူမျိုးကြီးဝါဒမှ စတင်ခဲ့သည့် စနစ်ဆိုးအမျိုးမျိုး ပပျောက်ရေးနှင့် နိုင်ငံရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့် မကောင်းသော အကျင့်ဓလေ့များကို အမြစ်ဖြတ်ရန်လည်း ပြည်သူလူထုများကို တိုက်တွန်းထားသည်။

သတင်း

စစ်ကောင်စီတပ်က တပ်ရင်းနှစ်ရင်းစာ ပမာဏရှိသော အင်အားဖြင့် ဝင်ရောက်တပ်စွဲထား မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ ဒေသအတွက် စစ်ရေးအရ အရေးပါသည့် ​ဒေသ တစ်ခု ဖြစ်သည်။

နိုင်ငံတကာ

နာမည် ဖော်ပြမထားတဲ့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ တွေ့ဆုံချိန်မှာ မဟာမိတ် နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာမှုကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တာလို့ Sky Newsက ဖော်ပြခဲ့ပါတယ်။