Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာခြောက်ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီး

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် တစ်ပတ်အတွင်းကျေးရွာ၁၀ရွာထက် မနည်းစစ်ကြောင်းထိုးခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

▪️အိုးမဲ့အိမ်မဲ့ပြည်သူ တစ်သောင်းခွဲကျော်ရှိလာ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ခြောက်ရွာရှိ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူ တစ်သောင်းခွဲကျော်ရှိလာကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် တစ်ပတ်အတွင်းကျေးရွာ၁၀ရွာထက် မနည်းစစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင်လည်း စစ်ကောင်စီတပ်က ချောင်းဆုံကျေးရွာ နေအိမ်များအားမီးတင်ရှို့၍ ပြည်သူပိုင်ပစ္စည်းများအား မကျီးတုံပျူရွာသို့ သယ်ယူသွားကြောင်း အထက်ပါအဖွဲ့က ပြောသည်။

“မနေ့ညက ချောင်းဆုံကျေးရွာမှာညအိပ်ပြီး အနီးဝန်းကျင်က တောထဲတဲတွေနဲ့ ကိုင်းတောတွေကို မီးရှို့ခဲ့လို့ ညပိုင်းအထိ မီးတောက်တွေမငြိမ်းဘူး။ ခင်ဦးမြို့ပေါ်ကနေလည်း ချောင်းဆုံ ကျေးရွာထဲကို ကား ငါးစီးဝင်သွားတယ်။”ဟု ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီတပ်သည် လူနေအိမ်များအပြင် စစ်ရှောင်ယာယီတဲများ၊ စပါးတင်းရေထောင်ချီနှင့် ဆန်စက်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့မီးရှိုဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာပေါင်း(၆၆)ရွာက နေအိမ်ပေါင်း ၄,၀၀၀ကျော် ပြာကျပျက်စီးခဲ့၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း တစ်သောင်းခွဲကျော် ရှိနေပြီဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

You May Also Like

သတင်း

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာ လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၃ နှစ်ချခံရတဲ့ အဂတိ အမှု ၂ မှု ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတက်ခဲ့တာပါ။

သတင်း

စစ်ကောင်စီတပ်သည် KIA တပ်ရင်း(၉) တပ်များအား စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် People's Spring သတင်းဌာနသို့ပြောကြားထားသည်။

သတင်း

KIAတပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် သုံးရက်ကတည်းက တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ဟု KIA ဘက်က အတည်ပြုထားသည်။

သတင်း

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။