Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာခြောက်ရွာ မီးတင်ရှို့

ဖေဖော်ဝါရီ ၁၅ရက်က စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ပန်းလှိုင်ရွာနှင့် မုန့်စီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပလိုင်းကျေးရွာသို့ ဝင်ရောက်နားချိန် နံနက် ၇ နာရီခွဲအချိန်ကစ၍ (၆၀)မမ လက်နက် အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေဘိုနယ်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj
ရွှေဘိုနယ်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Cj

▪️မီးရှို့စစ်ကြောင်းကို လက်နက်ကြီးဖြင့်တိုက်ခိုက်ရာ လေးဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က ငါးရက်အတွင်း ကျေးရွာ ခြောက်ရွာအား မီးရှို့ဖျက်ဆီးရာ အဆိုပါ စစ်ကောင်စီတပ်ကို PDFများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၅ရက်က စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ပန်းလှိုင်ရွာနှင့် မုန့်စီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပလိုင်းကျေးရွာသို့ ဝင်ရောက်နားချိန် နံနက် ၇ နာရီခွဲအချိန်ကစ၍ (၆၀)မမ လက်နက် အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်ကလည်း စက်သေနတ်အပါအဝင် လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကြာချိန် တစ်နာရီခွဲအတွင်း စစ်ကောင်စီဘက်က လေးဦးသေဆုံးကြောင်း သတင်းရပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တော်တော်ထိတယ် ၄၀လောက်ကို ထိခိုက်ရှိတာအသေးစားဒဏ်ရော ဒဏ်ရာကြီးရော။ လေးကောင်ကတော့ သေချာပေါက်ပဲ။”ဟု Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း -၃၊ တပ်ခွဲ ၃ ဂဠုန်နက် PDF၊ မြောက်ပျံလွှား LPDF နှင့် နဂါးနီကျားမင်း LPDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)တွင် ပန်းလှိုင်ရွာအတွင်း ကျန်ရှိနေသေးသည့် နေအိမ်များကို မီးထပ်ရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ရေတော်မူရွာနှင့် တက်တူရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ရေတော်မူရွာ အရှေ့ဘက် ဇီးဖြူကုန်းရွာသို့ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၂ ရက် က သီလုံးကျေးရွာမှ ထွက်လာပြီး ကျောက်မြင့်၊ တင့်တယ်၊ ငါးဆူကုန်း၊ မဲတော စသည့်ရွာများကို မီးရှို့ဖျက်ဆီးခဲ့သ​ည့် စစ်ကြောင်းဖြစ်သည်။

You May Also Like

အတွေးအမြင်ဆောင်းပါး

မနိုင်ဝန်ကို ထမ်းလာရပြီး မူလတာဝန်အပြင် လိုရင်လိုသလို၊ ကြုံရင်ကြုံသလို တာဝန်များစွာ ထမ်းဆောင်လာရတာကြောင့် လက်ဆင့်ကမ်းအမွေဆက်ဟာ ပေးသူမရှိ ယူသူမရှိဖြင့် အဆက်ပြတ်ခဲ့ကြပြီး စစ်တပ်ဟာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ လက်အောက် ပြားပြားဝပ်ခဲ့ရပါတယ်။

သတင်း

ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်တင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြသည်။

သတင်း

ထွက်ပြေးလွတ်​​​မြောက်လာသူမှာ အသက် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ရပ်မိ၊ ရပ်ဖများအဖြစ် လိမ်လည်ခေါ်ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သူဟု စစ်ကောင်စီက စွပ်စွဲပြီး ရိုက်နှက်ခဲ့ခြင်းဟု သိရသည်။