Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်ရှိ ကျားရွာအိမ်ခြေထောင်ချီ မီးရှို့ခံရပြီး သက်ကြီးရွယ်အို သုံးဦး အမောဖောက်သေဆုံး

စစ်ကောင်စီတပ်သည် ကျားရွာကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းက ပထမဆုံးအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဧပြီတွင်လည်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာရှိ အိမ်ခြေထောင်ချီ မီးရှို့ဖျက်ဆီးခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်သံများကြောင့် သက်ကြီးရွယ်အိုသုံးဦး အမောဖောက်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)က ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးကျောင်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကျားရွာသို့ ရောက်ရှိလာပြီး ကျားမြောက်ရွာ၊ ကျားအလယ်ရွာ၊ကျားတောင်ရွာနှင့် အနောက်ရွာလေးတို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ကျားရွာကြီးရှိ အိမ်ခြေစုစုပေါင်း၏ ငါးပုံလေးပုံခန့် မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့ကြောင့် အိမ်ခြေတစ်ထောင်ခန့်မီးလောင်ဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

ထို့အပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်သံများကြောင့် ကျားတောင်ရွာနေ အဘိုးအိုတစ်ဦးနှင့်အဘွားအိုတစ်ဦး နှလုံးအမောဖောက် ဆုံးပါးခဲ့ပြီး ဘေးရွာရှိ အဘိုးအိုတစ်ဦးလည်း နှလုံးအမောဖောက်၍ ဆုံးပါးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“အိမ်တွေ၊စပါးတွေ၊စပါးတိုက်တွေ၊စက်ဘီး၊ဆိုင်ကယ်၊ကား၊ ဒန်အိုးတွေ၊အိုးခွက် ၊ ပန်းကန်တွေကအစ တွေ့ကရာ မီးရှို့ဖျက်ဆီးသွားကြတယ်။သက်ကြီးဘိုးဘွားတွေလည်း ထိတ်လန့်လို့ နှလုံးအမောဖောက်ဆုံးပါးခဲ့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
ကျားရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

စစ်ကောင်စီတပ်သည် ကျားရွာကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းက ပထမဆုံးအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဧပြီတွင်လည်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်)တွင် အဆိုပါစစ်ကြောင်းသည် ရွှေဘိုစိုက်ပျိုးရေးကျောင်းသို့ ပြန်ဝင်သွားသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၂ ရက်)နံနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ကျေးရွာအနီးတွင် သီးလုံးရွာအထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ညောင်မြင့်၊ ဒင်တဲရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယနေနံနက်ပိုင်းတွင်လည်း ငါးဆူကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။

You May Also Like

သတင်း

ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

သတင်း

ပျူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ အလင်းဝင်သွားကြရန်နှင့် အလင်းမဝင်ပါက မိမိတို့၏ နေအိမ်များအတွင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း မြိုင်(ပ.က.ဖ)က သတိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။