Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မှာ အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရ

ဒေသခံအချို့ဆီက သိရတာကတော့ စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာအနီးက အမျိုးသမီး ၂ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

မန္တလေး မှာ အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရ
မန္တလေး မှာ အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာချိန် ပစ်သတ်ခံရ

မန္တလေး ၊ ချမ်းမြသာစည်မြို့နယ် မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မြို့လယ်ခေါင်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ က မနက်ပိုင်း ၆ နာရီဝန်းကျင်ချမ်းမြသာစည်မြို့နယ် ထဲက ၇၉ လမ်းနဲ့ ၄၆ လမ်း ထောင့်မှာ ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းဟာ ပစ်သတ်ခံလိုက်ရတာပါ။

အဲဒီအုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်စီးနေချိန် ပစ်သတ်ခံရတာလို့စုံစမ်းသိရပါတယ်။

ဒီပစ်သတ်မှုနဲ့ပတ်သက်ပြီး အောင်စည်တော်စစ်ဆင်ရေး မန္တလေး ဆိုတဲ့အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးထံကနေ လက်လုပ်သေနတ်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိတယ်လို့လည်း အဲဒီအဖွဲ့ ပြောထားပါတယ်။

ဒေသခံအချို့ဆီက သိရတာကတော့ စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာအနီးက အမျိုးသမီး ၂ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

မန္တလေးမြို့မှာ ဒီလ အတွင်းမှာတင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်သတ်ခံထားရပါတယ်။

Facebook

You May Also Like

သတင်း

ဆေးခန်းအတွင်းရှိနေစဉ်အတွင်း ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်ကယ် ၂စီးနဲ့ ရောက်လာတဲ့ လူ၅ဦးကဝင်ရောက်ပစ်ခတ်သွားတာပါ။

သတင်း

ယင်းစစ်ဆင်ရေးကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မန်းခရိုင်တပ်ရင်းအမှတ်(၅) Myitnge-People Defense Force တပ်ရင်းနှင့် အောင်စည်တော် စစ်ဆင်ရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သတင်း

မန္တလေးခရိုင် ၊ပုသိမ်ကြီးမြို့နယ် ထဲက ကျေးရွာတွေမှာဆို မီတာမဆောင်လို့ဆိုပြီး မီးဖြတ်ထားတာဟာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။

သတင်း

အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။