Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမှာ အငြိမ်းစားသားဖွားဆရာမ သားအမိသေနတ်နဲ့ပစ်သတ်ခံရ

ဆေးခန်းအတွင်းရှိနေစဉ်အတွင်း ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်ကယ် ၂စီးနဲ့ ရောက်လာတဲ့ လူ၅ဦးကဝင်ရောက်ပစ်ခတ်သွားတာပါ။

မြင်းခြံမှာ အငြိမ်းစားသားဖွားဆရာမ သားအမိသေနတ်နဲ့ပစ်သတ်ခံရ
မြင်းခြံမှာ အငြိမ်းစားသားဖွားဆရာမ သားအမိသေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊တူးရင်းဘိုကျေးရွာ ကျေးလက်ဆေးပေးခန်းမှ အငြိမ်းစားသားဖွားဆရာမနဲ့သားဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဆေးခန်းအတွင်းရှိနေစဉ်အတွင်း ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်ကယ် ၂စီးနဲ့ ရောက်လာတဲ့ လူ၅ဦးကဝင်ရောက်ပစ်ခတ်သွားတာပါ။

ပစ်ခံရသူသားအမိမှာ သားဖြစ်သူဟာ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံထားရသူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

” သားဖြစ်သူက သတင်းပေးလို့ နာမည်ထွက်နေတာလည်းကြာနေပြီ၊ ပျူတွေကိုလက်ခံတာတွေလည်းလုပ်တယ်” လို့ မြင်းခြံဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုကို မည်သည့်အဖွဲ့ကပြုလုပ်တယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ပစ်ခတ်ခံရလို့သေဆုံးသွားတဲ့ အငြိမ်းစားသားဖွားဆရာမဟာ အသက် ၆၃နှစ်အရွယ်ရှိပြီး သားဖြစ်သူကတော့ အသက် ၄၀ အရွယ်ရှိပါပြီ။

You May Also Like

သတင်း

အဲဒီအမျိုသား ၇ ဦးကို ပစ်ခတ်မှုဖြစ်ပြီး ၁၀ ရက်အတွင်း လှိုင် ၊ ကမာရွတ် ၊သင်္ဃန်းကျွန်း နဲ့လှိုင်သာယာမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ကလိုက်လံ ဖမ်းဆီးခဲ့တာပါ။

သတင်း

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

သတင်း

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ​ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။

သတင်း

ပစ်သတ်ခံရသူဟာ အသက် ၆၆ နှစ်အရွယ် ရာအိမ်မှူး ဦးခင်မောင်ငြိမ်း နဲ့ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူး ဦးသာဌေးတို့ဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။