Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ် ကပ်ရောဂါအပေါ် အောင်ပွဲခံနိုင်ခဲ့ပြီလို့ တရုတ် ကြေညာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။

ကိုဗစ် ကပ်ရောဂါအပေါ် အောင်ပွဲခံနိုင်ခဲ့ပြီလို့ တရုတ် ကြေညာ
ကိုဗစ် ကပ်ရောဂါအပေါ် အောင်ပွဲခံနိုင်ခဲ့ပြီလို့ တရုတ် ကြေညာ

ကိုဗစ် ကပ်ရောဂါဆိုးကြီးအပေါ် ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ပြီလို့ တရုတ် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကပ်ရောဂါကြောင့် သေပျောက်နှုန်း အနိမ့်ဆုံး နိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ တရုတ်က ကြွေးကြော်ထားပေမယ့် လက်တွေ့မှာတော့ ကပ်ရောဂါနဲ့ ပတ်သက်လို့ အချက်အလက်တွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း မထုတ်ပြန်တဲ့အပေါ် ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ဟာ ဖိအားပေး ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် ဇီးရိုးကိုဗစ် မူဝါဒကို စွန့်လွှတ်ပြီး ကပ်ရောဂါ တားဆီး ထိန်းချုပ်ရေး အစီအမံ အတော်များများကို ဒီဇင်ဘာ လဆန်းပိုင်းမှာ ဖြေလျှော့ပေးခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံလူဦးရေ ၁.၄ ဘီလီယံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ထိ ရောဂါဆိုး ကူးစက်မှုကို ခံခဲ့ရကြောင်း အစိုးရရဲ့ ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်။

နိုဝင်ဘာလကစလို့ တရုတ်ဟာ ကပ်ရောဂါ တားဆီးကာကွယ်ရေးတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း၊ မူဝါဒ အကူးအပြောင်း ကာလမှာ အခြေအနေတွေကို ချောချောမွေ့မွေ့ဖြစ်အောင် စီမံနိုင်ခဲ့တဲ့အတွက် ကိုဗစ်တိုက်ဖျက်ရေး ရည်မှန်းချက်မှာ အထင်ကရ အောင်ပွဲတစ်ခုကို ပိုင်ဆိုင်လာနိုင်ခဲ့ကြောင်း တရုတ် ပေါ်လစ်ဗျူရိုရဲ့ အမြဲတမ်း ကော်မတီ (PSC)က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ ရောဂါကူးစက်မှုတွေ ခံရတာတောင်မှ တရုတ်ဟာ ဇီးရိုးကိုဗစ် မူဝါဒ စတင်ဖြေလျှော့ချိန်နောက်ပိုင်း စုစုပေါင်း အသေအပျောက် ၈၀၀၀၀ လောက်သာ ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ အဲဒီ အချိန်တွေတုန်းက တရုတ်ရဲ့ မြို့ကြီးအများစုမှာ ဆေးရုံတွေ လူပြည့်လျှံပြီး သင်္ချိုင်းတွေနဲ့ နာရေးဝန်ဆောင်မှု ဌာနတွေမှာ လက်မလည်အောင် အလုပ်များနေခဲ့ပါတယ်။

တရုတ်က ထုတ်ပြန်တဲ့ သေပျောက်နှုန်းဟာ လက်တွေ့နဲ့ ကင်းကွာလွန်းသလို ဖြစ်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတောင် အချက်အလက် အမှန်တွေ ထုတ်ပြန်ပေးဖို့ သတိပေး တောင်းဆိုခဲ့ရဖူးပါတယ်။

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။

မူလက တစ်နိုင်ငံလုံးမှာ ခရီးသွားလာမှုတွေ အထူထပ်ဆုံးဖြစ်တဲ့ တရုတ်နှစ်သစ်ကူး ကာလအတွင်း ကပ်ရောဂါ ကူးစက်မှုတွေ အလွန်အကျွံ မြင့်တက်လာမှာကို နိုင်ငံတကာက စိုးရိမ်ခဲ့ကြသေးပေမယ့် တကယ်တမ်းမှာတော့ အဲဒီကာလအတွင်း ကူးစက်နှုန်းက အနည်းအကျဉ်းလောက်သာ ရှိခဲ့ကြောင်း တရုတ်က ထုတ်ပြန်ထားပါတယ်။

You May Also Like

ဗီဒီယို

သတင်းတစ်ခုက WHOဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖော်ထုတ်မယ့် အားထုတ်မှုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြလာတဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က အခုလို တုံ့ပြန်ခဲ့တာပါ။

ဗီဒီယို

လေဆာရောင်ခြည်ဒဏ်ကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ် အမှုထမ်းတချို့ မျက်လုံး ခဏတာ ပြာသွားခဲ့ပြီး ရေယာဉ်ကို အထိအခိုက်ကင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းခဲ့ရကြောင်း၊ တရုတ် ကမ်းခြေစောင့် ရေယာဉ်ဟာ အန္တရာယ် ရှိလောက်အောင် ချဉ်းကပ်ပြီး ကွေ့ဝိုက် မောင်းနှင်ခဲ့သေးကြောင်း ဖိလစ်ပိုင်က ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လက်တင် အမေရိက ဒေသမှာ ပျံဝဲနေတဲ့ နောက်ထပ် တရုတ် မိုးပျံပူဖောင်း တစ်လုံးရဲ့ လားရာကိုလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်နိုင်ငံမှာ ရှိနေတာလဲ ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်ပါဘူး။

နိုင်ငံတကာ

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။