Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီနှင့်တရုတ်၏ လေအားလျှပ်စစ်စီမံကိန်းသုံးခုလက်တွေ့မဖြစ်နိုင်ဟုစွမ်းအင်ပညာရှင်များသုံးသပ်

ထိုစီမံကိန်းများအနက် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်(၂၀၂၃)ဒီဇင်ဘာတွင် လုပ်ငန်းများစတင်ရန် စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်ကပြောကြောင်းစစ်​ကောင်စီမီဒီယာများကဖော်ပြသည်။

(စစ်​ကောင်စီ၏ MRTV တွင် ​လေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သပ်၍MOA​ရေးထိုး​ကြောင်းသတင်းထုတ်ပြန်ချက်)
(စစ်​ကောင်စီ၏ MRTV တွင် ​လေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သပ်၍MOA​ရေးထိုး​ကြောင်းသတင်းထုတ်ပြန်ချက်)

ရခိုင်ပြည်နယ်တွင်အကောင်အထည်ဖော်မည်ဆို​သော စစ်ကောင်စီ၏ လေအားလျှပ်စစ်စီမံကိန်းသုံးခုသည် အ​ကောင်အထည်​ဖော်ရန် အလားအလာနည်းကြောင်း လျှပ်စစ်နှင့်စွမ်းအင်ကျွမ်းကျင်သူများကပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံခြားချေးငွေရရှိရန်ခက်ခဲမှု နှင့် စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့အရေးယူများကြောင့်ဖြစ်သည်ဟုစွမ်းအင်ပညာရှင်ကပြောသည်။

“ဒီစီမံကိန်းလောက်ကိုအကောင်အထည်ဖော်ဖို့ဆိုတာငွေအရမ်းလိုအပ်ပါတယ်။ ဒီငွေတွေကို အခြားနိုင်ငံကချေးမှာမဟုတ်တာသေချတယ်။ တရုတ်နဲ့လုပ်မယ်ဆိုရင်တော့ တရုတ်စီက ချေးငွေယူရမယ်။ တရုတ်ကကောပေးနိုင်မလားပေါ့၊ ပေးမယ်ဆိုရင်လည်း အတိုးနှုန်းကြီးကြီးပဲပေးရလိမ့်မယ်”ဟု စွမ်းအင်ပညာရှင်တစ်ဦးကပြောသည်။

ယူနန်ပြည်နယ်အခြေစိုက် တရုတ်ကုမ္ပဏီကလေအားလျှပ်စစ်စီမံကိန်း ၃ခုကို ရခိုင်ပြည်နယ်တွင်အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်မတ်၁ရက်ကဖော်ပြခဲ့သည်။

အဆိုပါစီမံကိန်းများသည်ရခိုင်ပြည်နယ်ရှိအမ်း၊ဂွနှင့်သံတွဲမြို့နယ်တို့တွင် အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီက သဘောတူညီမှုစာချွန်လွှာ (MOA) ကို မတ်၁ရက်ကလက်မှတ်ရေးထိုးခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ယင်းစီမံကိန်းများသည် မဂ္ဂါဝပ် ၁၅၀ထုတ်လုပ်မည်ဆို​သော အမ်းလေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည်ဆို​သော ဂွလေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်မည်ဆိုသည့် သံတွဲလေအားလျှပ်စစ်စီမံကိန်းတို့ဖြစ်သည်။ ထိုစီမံကိန်းများကို ၂၀၂၅တွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်သွားရန် ရည်ရွယ်ထားသည့် စစ်ကောင်စီက ဆိုသည်။

ထိုစီမံကိန်းများအနက် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်(၂၀၂၃)ဒီဇင်ဘာတွင် လုပ်ငန်းများစတင်ရန် စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်ကပြောကြောင်းစစ်​ကောင်စီမီဒီယာများကဖော်ပြသည်။

“ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်လို့ခေါ်တဲ့ ဒီလို လေအားလျှပ်စစ်စီမံကိန်းကို အခုချိန်မှာအကောင်အထည်ဖော်တယ်ဆိုတာ ဖြစ်နိုင်ချေအင်မတန်နည်းပါတယ်။ နိုင်ငံရေးမကောင်းတဲ့ အချိန်မှာ နီးစပ်ရာကို စီးပွားရေးလက်ဦးမှုရယူထားတာမျိုးပါ”ဟု အခြားစွမ်းအင်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးကလည်း မှတ်ချက်ပေးသည်။

ထိုအပြင် မဂ္ဂါဝပ်တစ်ရာကျော်ရှိသည့်ထိုစီမံကိန်းများအတွက် ကုန်ကျစရိတ်မှာ အလွန်မြင့်မားကြောင်းနှင့် လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှပ်နှံရန် စွန့်စားရာရောက်၍ အမှန်တကယ် လုပ်ကိုင်နိုင်မည်မဟုတ်ဘဲ ဟန်ပြသာဖြစ်နိုင်သည်ဟု၎င်းကလည်းသုံးသပ်သည်။

ထိုစီမံကိန်း ၃ခုကိုပြည်တွင်း Primus Advanced ကုမ္ပဏီ၊ ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development ကုမ္ပဏီနှင့် တရုတ်ယူနန်အခြေစိုက် Yunan Machinery and Equipment Import & Export ကုမ္ပဏီတို့ကဆောင်ရွက်မည်ဖြစ်သည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။

မြန်မာဘက်ကလက်မှတ်ရေးထိုးသည့် PrimusAdvanced ကုမ္ပဏီသည် Supreme(စူပရင်းကုမ္ပဏီ)၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။ စူပရင်းကုမ္ပဏီအုပ်စုသည် ဧရာဝတီတိုင်း၊မီးလောင့်ချိုင့်ဒေသတွင် ဒေါ်လာ ၂ ဘီလီယံခွဲ တန်ဖိုးရှိသည့် LNG သုံးဓာတ်အားပေးစက်ရုံကို တရုတ် Zhefu ကုမ္ပဏီနှင့်အတူတည်ဆောက်ရန် ၂၀၁၈ ကတည်းက လုပ်ကိုင်ခွင့်ရခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ထိုစီမံကိန်းကို ဆက်လက်လုပ်ကိုင်ခွင့်ရရှိထားသည်။

သို့​သော်LNGစီမံကိန်းကို ၂၀၁၈ ဇန်နဝါရီ ၃၀ ရက်တွင် စူပရင်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ပထမအဆင့်ကို ၃နှစ်အတွင်း နှင့် ဒုတိယအဆင့်ကို ၃နှစ်ခွဲအတွင်းပြီးစီးအောင်ဆောင်ရွက်မည်ဟုဆိုသော်လည်း ၅နှစ်အကြာအထိတစုံတရာ အကောင်အထည်ပေါ်လာခြင်းမရှိသေးပေ။

ထိုအတူ တရုတ်အစိုးရပိုင် ChinaThree Gorges(CTG) ကော်ပိုရေး ရှင်းကလည်း မဂ္ဂါဝပ် ၃၀ထုတ်လုပ်မည့် ဒေါ်လာ ၆၅သန်းတန် ချောင်းသာရှိ လေအားလျှပ်စစ်စီမံကိန်းကို၂၀၂၂-၂၃တွင်အပြီးတည်ဆောက်မည်ဟု စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင်​ကြေညာခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်ထိ တစုံတရာဖြစ်ပေါ်လာခြင်းမရှိသေးပေ။

You May Also Like

သတင်း

NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းရွှေက မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို ဘရစ္စဘိန်း၌ ပြုလုပ်မည့်အစည်းအဝေးသို့ ဖိတ်ကြားထားမှုနှင့်ပတ်သက်၍ သြစတြေးလျအစိုးရထံ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီအတွင်း ကရင်နီ- ရှမ်းနယ်စပ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည့် PNO/PNA တပ်ဖွဲ့ဝင်များလည်း သေဆုံးထိခိုက်ရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ရက်မှစ၍ ယနေ့အထိ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှည့်လည်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မီးဘေးသင့်နှင့် စစ်ရှောင်ပြည်သူများ အကူအညီအများအပြားလိုအပ်နေကြောင်း သိရသည်။

သတင်း

ဖေဖော်ဝါရီ၁၈ ရက်ကလည်း မြောင်မြို့မရဲစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။