Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမေရိကန် ကတိပြုထားတဲ့ တင့်ကားတွေ ယူကရိန်းဆီ ရောက်ရှိဖို့ မသေချာ

ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တိုက်ခိုက်မှု တစ်နှစ်ပြည့်တဲ့ ကာလမှာ အမေရိကန်က အခုလို အားယုတ်စရာ အရှိတရား တစ်ခုကို ထုတ်ဖော် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဟာ လောလောလတ်လတ် အနေနဲ့ ယူကရိန်းဆီ ခွဲဝေပေးဖို့ M1 Abramsတွေ ဖူဖူလုံလုံ မရှိဘူးလို့ စစ်တပ် အတွင်းရေးမှူး ခရစ္စတင်း ဝေါမတ်သ်က ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပေးပို့သွားမယ်လို့ ကတိပြုထားတဲ့ နည်းပညာမြင့် တင့်ကားတွေဟာ ယူကရိန်းဆီ အမှန်တကယ် ရောက်ရှိဖို့ မသေချာဘဲ ဖြစ်နေကြောင်း သိရပါတယ်။

M1 Abrams တင့်ကားရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတွေထဲက စုစုပေါင်း ၃၁ စီးကို အမေရိကန်က ယူကရိန်းဆီ ပို့ဆောင်ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ အမေရိကန် စစ်တပ်ကတော့ အဲဒီ တင့်ကားတွေဟာ အခုနှစ်ကုန်၊ ဒါမှမဟုတ် လာမယ့် နှစ်ဆန်းပိုင်းလောက်ထိ ယူကရိန်းဆီ ရောက်နိုင်ဖွယ် မရှိသေးဘူးလို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ အချိန်လောက်ထိ စစ်ပွဲက ဆက်ဖြစ်နေမလား ဆိုတာတောင် မသေချာတဲ့ သဘောပါပဲ။

ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တိုက်ခိုက်မှု တစ်နှစ်ပြည့်တဲ့ ကာလမှာ အမေရိကန်က အခုလို အားယုတ်စရာ အရှိတရား တစ်ခုကို ထုတ်ဖော် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဟာ လောလောလတ်လတ် အနေနဲ့ ယူကရိန်းဆီ ခွဲဝေပေးဖို့ M1 Abramsတွေ ဖူဖူလုံလုံ မရှိဘူးလို့ စစ်တပ် အတွင်းရေးမှူး ခရစ္စတင်း ဝေါမတ်သ်က ပြောပါတယ်။

ဝေါမတ်သ်က ယူကရိန်းဆီ တင့်ကားတွေ ပို့ဆောင်ဖို့ ဆိုတာဟာ သီတင်းပတ်တွေအတွင်း၊ ဒါမှမဟုတ် လပိုင်းအတွင်း မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန်ဟာ ယူကရိန်းအတွက် တင့်ကားတွေ အမြန်ဆုံး ပေးပို့နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ လေ့လာသူတွေကတော့ ယူကရိန်းဟာ ဂျာမန်လုပ် Leopard 2 တိုက်ပွဲဝင် တင့်ကားတွေကို မျှော်လင့်တာက ပိုလက်တွေ့ကျလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

Leopard 2တွေကို အနောက်ဥရောပ နိုင်ငံ တော်တော်များများမှာ သုံးစွဲနေပြီး လတ်တလောမှာ ယူကရိန်းဆီ ခွဲဝေပေးဖို့ အသင့်ရှိနေကြပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေမှာ ယူကရိန်း တင့်ကား တပ်သားတွေက Leopard 2တွေ မောင်းနှင်မှုအတွက် သွားရောက် လေ့ကျင့်ရာမှာလည်း အခြေအနေတွေ သိသိသာသာ တိုးတက်နေပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်မှုကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီက တိုက်ပွဲဝင် တင့်ကားတွေ အမြန်ဆုံး ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။ လတ်တလောမှာတော့ ဗြိတိန်က ထောက်ပံ့ထားတဲ့ Challenger 2 တင့်ကားတချို့ဟာ ယူကရိန်း စစ်မြေပြင်မှာ စတင် တိုက်ပွဲဝင်နေပြီလို့ ယူဆရပါတယ်။

You May Also Like

ဗီဒီယို

ရုရှားဟာ ကျူးကျော်စစ် နှစ်ပတ်လည်နေ့မှာ ယူကရိန်းကို နောက်တစ်ကြိမ် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ယူကရိန်း စစ်တပ်ဟာ ကာကွယ်ရေး အစီအမံတွေကို အစွမ်းကုန် ထောင့်စေ့အောင် ပြင်ဆင်နေပါတယ်။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။

ဗီဒီယို

အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားပြီး ပင်လယ်ထဲ ပျက်ကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေ ဆယ်ယူခဲ့သလို စွပ်စွဲချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

သတင်း

ယင်းအခမ်းအနားသို့ ဂျီနီဗာအခြေစိုက်သံတမန်များတက်ရောက်ခဲ့သည်ဟု သိရသည်။