Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေဟု CDF ထုတ်ပြန်

ဖေဖော်ဝါရီမှ ယခုမတ်လ ဒုတိယပတ်အတွင်းအထိ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ မတူပီ – ပလက်၀နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုဲ - CDF မတူပီ)
(မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုဲ - CDF မတူပီ)

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း မတူပီ ချင်းကာကွယ် ရေးတပ်(CDF)က ယမန်နေ့ညပိုင်းကထုတ်ပြန်သည်။

မတ်လ ၁၄ရက် ညနေပိုင်းက မတူပီ – ပလက်၀ လမ်းပေါ်ရှိ ထယ်ဘွေးစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်များကို ၀လံပီနှင့် ကလားကြား (ကလောင်စိုင်း)တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထာသည်။ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

ထို့ပြင် အပြန်အလှန် ပစ်ခတ်မှုလည်းဖြစ်ပွားခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပြီး မတူပီ CDFဘက်မှ ထိခိုက်မှုမရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် မတူပီ CDF ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။ မတူပီနှင့် ပလက်၀လမ်းပေါ်၌ တိုက်ပွဲများ ဆက်လက်ဖြစ်နိုင်ချေရှိ၍ ပြည်သူများအနေဖြင့် လမ်းကြောင်းအား သွားလာခြင်းမပြုရန် အသိပေးထားသည်။

အဆိုပါ မတူပီ – ပလက်၀ကြားရှိ စစ်ကောင်စီ၏ ထယ်ဘွေး တပ်စခန်းသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပလက်၀ CDFနှင့် ချင်းအမျိုးသားတပ်မတော်(CNA) တို့က ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဖေဖော်ဝါရီမှ ယခုမတ်လ ဒုတိယပတ်အတွင်းအထိ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ မတူပီ – ပလက်၀နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

သတင်း

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။