Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဏ္ဍပ်တွေကို အခွန်မကောက်ဘဲ သင်္ကြန်စည်အောင် စစ်ကောင်စီ စည်းရုံးနေ

လမ်းလျှောက်သင်္ကြန်မတိုင်ခင်က ကျုံးဘေးပတ်လည်နေရာတွေမှာ ပေ ၁၀၀× ၂၅ပေရှိမဏ္ဍပ်တွေ ကို အနည်းဆုံးကျပ်သိန်း၁၀၀ကစတင်ပြီး လေလံစနစ်နဲ့ချထားပေးခဲ့တာလို့သိရပါတယ်။

မဏ္ဍပ်တွေကို အခွန်မကောက်ဘဲ သင်္ကြန်စည်အောင် စစ်ကောင်စီ စည်းရုံးနေ
မဏ္ဍပ်တွေကို အခွန်မကောက်ဘဲ သင်္ကြန်စည်အောင် စစ်ကောင်စီ စည်းရုံးနေ

လာမယ့် သင်္ကြန်ကာလအတွင်း မန္တလေးမှာ စည်ကားအောင် ကျုံးဘေးပတ်လည်နဲ့ လမ်းမကြီးတွေပေါ်မှာ ရေကစားမဏ္ဍပ်တွေကို အခွန်မကောက်ဘဲ ဆောက်လုပ်ခွင့်ပြုမယ်လို့စစ်ကောင်စီ က စည်းရုံးနေပါတယ်။

ကျုံးပတ်လည်နဲ့ မြို့ပေါ် မြို့နယ် ၆ ခုမှာ ရေကစားမဏ္ဍပ်တွေကိုအခွန်ပေးစရာမလိုဘဲ နေရာကို ဦးရာလူစနစ်နဲ့ ခွင့်ပြုမယ်လို့လည်း မန္တလေးစည်ပင်က ကြေညာထားပါတယ်။

ဒါဟာ အာဏာသိမ်းကာလ ၂ နှစ်အတွင်း သင်္ကြန်ကာလမှာ လူထုမပါဝင်တဲ့အတွက် ဒီနှစ်မှာ စည်ကားအောင် စစ်ကောင်စီက စည်ရုံးနေတာလို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးစည်ပင်နဲ့ နီးစပ်သူကတော့ လက်ရှိအချိန်ထိ မဏ္ဍပ်ဆောက်ဖို့ လျှောက်ထားသူမရှိသေးဘူးလို့ ဆိုပါတယ်။

လာမယ့်သင်္ကြန်မှာ စစ်ကောင်စီဟာ မန္တလေးကျုံးတောင်ဘက်ခြမ်း ၂၆လမ်း၊ ၆၆လမ်းကနေ ၇၈လမ်းအထိ လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

အာဏာသိမ်းကာလအတွင်း မန္တလေးမှာ သင်္ကြန်ပွဲ ကိုစစ်ကောင်စီက ဦးစီးကျင်းပပေမယ့် လူထုမပါလို့ ခြောက်ကပ်တိတ်ဆိတ်ခဲ့တာတွေ့ရပါတယ်။

လမ်းလျှောက်သင်္ကြန်ကို အရပ်သားရွေးကောက်ခံ NLD အစိုးရလက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး မဏ္ဍပ်နေရာ ၁၀ပေ ပတ်လည်ကို ကျပ်၅သိန်း၊ ပေ၂၀ကို ကျပ်၁၀သိန်း၊ ပေ၃၀ကို ကျပ်၁၅သိန်း အခွန်ကောက်ပြီးဆောက်လုပ်ခွင့်ပေးခဲ့ပါတယ်။

လမ်းလျှောက်သင်္ကြန်မတိုင်ခင်က ကျုံးဘေးပတ်လည်နေရာတွေမှာ ပေ ၁၀၀× ၂၅ပေရှိမဏ္ဍပ်တွေ ကို အနည်းဆုံးကျပ်သိန်း၁၀၀ကစတင်ပြီး လေလံစနစ်နဲ့ချထားပေးခဲ့တာလို့သိရပါတယ်။

ဒီနှစ်မှာတော့ စစ်ကောင်စီက အခွန်မကောက်ဘဲ ငွေကုန်ကြေးကျ ခံကာ သင်္ကြန်ပွဲစည်အောင် လုံးပမ်းနေတယ်လို့ မန္တလေးစည်ပင်နဲ့နီးစပ်သူကပြောပြပါတယ်။

You May Also Like

သတင်း

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

သတင်း

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။