Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အနည်းဆုံး သုံးဦးသေ

ဘောလခဲ ​မြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၂ရက်က စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး(မာရှယ် လော)နယ်မြေအဖြစ် ကြေညာထားသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးကြောင်း ကရင်နီဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၁၆ရက်) နံနက် ၅နာရီခန့်ကစ၍ ဘောလခဲမြို့အထွက် ရေနီပေါက်တံတားအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ စစ်ကောင်စီစစ်ကြောင်း နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ခဲ့တာ။နေရာက ဘောလခဲအထွက် ဖားဆောင်ကြား မှာပေါ့။အခု လောလောဆယ်တော့ စကစ စစ်ကြောင်းပြန်ဆုတ်သွားတယ်” ဟု ဘောလခဲမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးအထက်သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်သူမရှိခဲ့ကြောင်းသိရသည်။

သို့သော် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူနှစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဘောလခဲ ​မြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၂ရက်က စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး(မာရှယ် လော)နယ်မြေအဖြစ် ကြေညာထားသည်။

အလားတူ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ က ရင်နီ(ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေူခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂)ခုဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေသည်။

You May Also Like

သတင်း

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

သတင်း

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။