Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ်လုပ် ဒရုန်းတစ်စီးကို ယူကရိန်းစစ်သားတွေ ပစ်ချ

လက်နက် တပ်ဆင်ထားတဲ့ Mugin-5 အမျိုးအစား ဒရုန်းတစ်စီး သစ်တော ဧရိယာထဲမှာ ပျက်ကျနေတာကို ယူကရိန်း စစ်သားတွေက CNN သတင်းထောက်တွေကို ပြသခဲ့ပါတယ်။

တရုတ်လုပ် ဒရုန်းတစ်စီးကို ယူကရိန်းစစ်သားတွေ ပစ်ချ
တရုတ်လုပ် ဒရုန်းတစ်စီးကို ယူကရိန်းစစ်သားတွေ ပစ်ချ

တရုတ်လုပ် ဒရုန်းတစ်စီးကို နိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

လက်နက် တပ်ဆင်ထားတဲ့ Mugin-5 အမျိုးအစား ဒရုန်းတစ်စီး သစ်တော ဧရိယာထဲမှာ ပျက်ကျနေတာကို ယူကရိန်း စစ်သားတွေက CNN သတင်းထောက်တွေကို ပြသခဲ့ပါတယ်။ Mugin-5တွေကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေမြို့ တစ်ခုဖြစ်တဲ့ ရှီယာမန်မှာ တပ်ဆင် ထုတ်လုပ်လေ့ ရှိပါတယ်။

အဲဒီ ဒရုန်းကို ယူကရိန်း စစ်သားတွေက AK-47 ချေမှုန်းရေး ရိုင်ဖယ်တွေနဲ့ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ တချို့ကလည်း ဒီဒရုန်းတွေကို Alibaba ဒရုန်းလို့ နာမည်ပြောင် ပေးထားပါတယ်။ အကြောင်းကတော့ တရုတ် အွန်လိုင်း စျေးဝယ်ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Alibabaနဲ့ Taobaoတို့မှာ တစ်စီးကို ဒေါ်လာ တစ်သောင်းခွဲ ဝန်းကျင်လောက်နဲ့ ဝယ်ယူနိုင်တာကြောင့်ပါ။

ဒရုန်းကို ထုတ်လုပ်တဲ့ Mugin ကုမ္ပဏီက ယူကရိန်းမှာ ပစ်ချခံရတာဟာ သူတို့ရဲ့ ထုတ်ကုန်တစ်ခုလို့ CNNဆီ အတည်ပြုခဲ့ပြီး စစ်ပွဲမှာ အဲဒီဒရုန်းတွေ သုံးစွဲနေတယ် ဆိုတာက ကံမကောင်း အကြောင်းမလှမှု တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ Mugin-5ဟာ သာမန်အားဖြင့် အရပ်ဖက်သုံး ဒရုန်းအဆင့်မှာ ပါဝင်ပြီး နည်းပညာပိုင်းလည်း အရမ်းမြင့်မားနေတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ယူကရိန်း စစ်ပွဲမှာ အရပ်ဖက်သုံး ဒရုန်းတွေလည်း စစ်လက်နက်အဖြစ် ပြောင်းလဲ အသုံးပြု ခံရမှုတွေ အရှိန်မြင့်တက်လာနေတယ် ဆိုတာကို အခုဖြစ်စဉ်က သက်သေခံနေပါတယ်။

ဒရုန်းကို ပစ်ချခဲ့တဲ့ ယူကရိန်း စစ်သားတွေက ညဖက် ကောင်းကင်ယံမှာ နိမ့်နိမ့် ပျံသွားတဲ့ အရာရဲ့ အချက်ပြ မီးရောင်ကို မြင်လို့ သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့တာလို့ ပြောပြပါတယ်။ အခုတော့ တရုတ်လုပ် ဒရုန်းကိုယ်ထည် အပျက်အစီးတွေဟာ တောထဲမှာ ဆက်ရှိနေဆဲပါ။

ဒရုန်းမှာ ကင်မရာ တပ်မထားတဲ့အတွက် ထောက်လှမ်းရေး ကဏ္ဍမှာ ရုရှားတွေက သုံးစွဲတာမျိုး မဟုတ်ဘဲ ယူကရိန်း စစ်သားတွေ ရှိနေတဲ့ ကတုပ်ကျင်းတွေထဲ ဗုံးကြဲဖို့ အဓိက ရည်ရွယ်ခဲ့ဟန် ရှိပါတယ်။

တရုတ် အစိုးရဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ကြားနေဖို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်ဖက်ကိုမှ စစ်လက်နက်တွေ တင်ပို့တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ တရုတ်ဟာ လက်နက်မဟုတ်တဲ့ တခြားအကူအညီတွေ အများအပြားကို ရုရှားဆီ တိုက်ရိုက် ထောက်ပံ့ပေးနေကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

You May Also Like

သတင်း

စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ (၄၂၃) တပ်အားရင်းအား မတ်လ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ မှ စ၍ KNDF B (03) ၊ ဖယ်ခုံ PDF တပ် ရင်း (၂) ၊ အလယ်ပိုင်းတိုင်း...

သတင်း

မတ်လ၁၂ရက်ကလည်း ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force - SSTFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

ဒီး​မော့ဆိုမြို့နယ်အ​ရှေ့ခြမ်းတွင်ပင် စစ်​ဘေး​ရှောင်ပြည်သူ၁၅၀၀၀ ​ကျော်ရှိ​နေပြီး ထပ်မံတိုးလာဦးမည်ဖြစ်​ကြောင်းလည်းကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ကခန့်မှန်းထားသည်။

သတင်း

မတ်လ ၈ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့ ညောင်ပင်စောက်လဝကရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။