Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးတိုင်းရှေ့တန်းစစ်မြေပြင်သို့ NUG ပြည်ထဲရေးဝန်ကြီး သွားရောက်

ဝန်ကြီး၏ ခရီးစဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တောင်ပိုင်းတိုင်းစစ်ဦးစီး စောယှားဖောင်ဝှါး၊အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော်တို့လည်း ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

(ပဲခူးတိုင်းအတွင်းရှိ ရှေ့တန်းစစ်မြေပြင် တစ်နေရာသို့လာရောက်ခဲ့သည့် ဝန်ကြီးဦးလွင်ကိုလတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Royal Peacock Column)
(ပဲခူးတိုင်းအတွင်းရှိ ရှေ့တန်းစစ်မြေပြင် တစ်နေရာသို့လာရောက်ခဲ့သည့် ဝန်ကြီးဦးလွင်ကိုလတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Royal Peacock Column)

အမျိုးသားညီညွတ်ရေးအစိုး(NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင်အဖွဲ့သည် ပဲခူးတိုင်းအတွင်းရှိ ရှေ့တန်းစစ်မြေပြင် တစ်နေရာသို့လာရောက်ခဲ့ကြောင်း Royal Peacock Column က ယနေ့ ထုတ်ပြန်သည်။

NUG၏ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်သူ ဦးလွင်ကိုလတ်သည် မေလ ဒုတိယအပတ်အတွင်းက ပဲခူးတိုင်းရှိ royal Peacock Column ရှေ့ထွက်စစ်ကြောင်း၏ရှေ့တန်း စစ်မြေပြင်သို့ သွားရောက်ကာ ရဲဘော်များကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ဝန်ကြီးနှင့်အဖွဲ့သည်ကျေးရွာများသို့ သွားရောက်ပြီး ပြည်သူလူထုနှင့်တွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဝန်ကြီး၏ ခရီးစဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တောင်ပိုင်းတိုင်းစစ်ဦးစီး စောယှားဖောင်ဝှါး၊အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော်တို့လည်း ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ပြည်ထောင်စုဝန်ကြီးလာရောက်သည့်နေရာ ဒေသနှင့် ကျေးရွာများ၏ အမည်ကို ယခုထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

တော်ဝင်ဒေါင်းစစ်ကြောင်း(Royal Peacock Column)သည်KNU တပ်မဟာ(၅)နယ်မြေအတွင်း ၌လည်း စစ်ရေးလှုပ်ရှားမှုရှိသည့်အဖွဲ့ဖြစ်သည်။