Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့ ကို ​တော်လှန်​ရေးအဖွဲ့များသိမ်းလိုက်ပြီးနောက် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များပြာယာခပ်နေ

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။

(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

ကောလင်းမြို့ကို PDF များနှင့် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များ ထိတ်လန့်ပြီး ပြာယာခပ်နေနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

“ကောလင်းသတင်းကြားပြီးတော့ ကသာ ခမရ ၃၀၉ ထဲ လန့်နေကြတယ်။ ဗုံးခိုကျင်းတွေ ထတူးနေကြတယ်” ဟု ကသာမြို့မှ ဒေသခံတစ်ဦးကပြောသည်။

အလားတူ ကောလင်းမြို့နှင့် ထိစပ်နေသော ဝန်းသိုမြို့တွင်လည်း စစ်ကောင်စီတပ်စခန်းများအတွင်း ပုံမှန်အခြေအနေမဟုတ်ဘဲ ရှုပ်ထွေးနေကြောင်း မြို့ခံများကပြောသည်။

(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)
(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

“သူတို့ ဟိုပြေးရမလိုလို ဒီပြေးရမလိုလို ဖြစ်နေပြီ။ အခုက သူတို့ပြန် ပြေးရမယ့်အလှည့်ရောက်ပြီ။ လက်နက်ချအလင်းဝင်မယ်လို့လည်း ကြားနေရတယ်” ဟုဝန်းသိုမြို့ခံတစ်ဦးကပြောသည်။

ထီးချိုင်မြို့တွင်လည်း အထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့ နံနက်တွင် ပိတ်လိုက်ပြီး ဝန်ထမ်းများအားလုံးသည် စစ်တပ်တပ်စွဲထားသည့် မြသိန်းတန်တောင်ပေါ်သို့ သွားရောက်တိမ်းရှောင်နေကြကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။

(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)
(​ကောလင်းမြို့ ခရိုင်​ထွေအုပ်ရုံးတွင် ပြည်သူ့​တော်လှန်​ရေးအလံလွှင်တင်ထားစဥ်/ စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

” ဒီကောင်တွေလမ်းပျောက်နေပြီ။ သူတို့ ခံရတော့မှာသေချာတော့ကြောက်နေကြတာ”ဟု ယင်းမာပင်မြို့ခံတစ်ဦးကပြောသည်။

ကောလင်းမြို့မှရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၃ရက်မှစတင်၍ တိုက်ခိုက်ခဲ့ပြီးယ​နေ့(နိုဝင်ဘာလ ၆ရက် )နံနက် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့​ကြောင်းအမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။