Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျားဖြန့်တရားခံအဖြစ်တရုတ်အလိုရှိ​​သော အရာရှိဟောင်း နှစ်ဦးကို UWSA ဖမ်းဝရမ်းထပ်ထုတ်

‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူးဟောင်း ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူးဟောင်း အိုက်ဟော့တို့ကို UWSA ကဖမ်း၀ရမ်းထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

(ဖမ်းဝရမ်းထုတ်ထား​သောစာကို ဖတ်​နေသူတစ်ဦး။ဓါတ်ပုံ-CJ)
(ဖမ်းဝရမ်းထုတ်ထား​သောစာကို ဖတ်​နေသူတစ်ဦး။ဓါတ်ပုံ-CJ)

အွန်လိုင်းလောင်းကစား​ငွေလိမ်လည်မှု (ကျားဖြန့်)နှင့် ပတ်သက်၍ တရုတ်နိုင်ငံက အလိုရှိနေသည့် အရာရှိဟောင်း နှစ်ဦးကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ဖမ်း၀ရမ်းထပ်ထုတ်ပြန်ပြီး ဖမ်းဆီးပေးရေးအတွက် နှစ်နိုင်ငံနယ်စပ်တလျှောက်တွင် ဓါတ်ပုံများ လိုက်လံဖြန့်ဝေထားသည်။

‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူးဟောင်း ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူးဟောင်း အိုက်ဟော့တို့ကို UWSA ကဖမ်း၀ရမ်းထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

“ဓါတ်ပုံတွေကို မြို့ထဲ လူစည်ကားရာနေရာတွေမှာ မ‌နေ့ကစပြီးတွေ့တာ။ တရုတ်ဘက်ခြမ်းမှာလည်း ကပ်တယ်တဲ့။ ဝဘက်က ဖမ်းမို့ အရှိန်မြှင့်လာတဲ့သဘောပဲ” ဟု “ဝ” ရောက်မြန်မာတစ်ဦးကပြောသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှUWSA ဆောက်လုပ်ရေးဌာနမှူးကြီးဖြစ်သူ ပေါက်အိုက်ပန်း နှင့်မိုင်းလင်းခရိုင်မှူးအိုက်ဟော့တို့သည် တရုတ်နိုင်ငံသားများ အထိနာနေသည့်ကျားဖြန့်​ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဦးဆောင်ပြုလုပ်နေသည်ဟုဆိုကာ တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။၎င်းတို့ နှစ်ဦးအားဖမ်းမိနိုင်ရေး သတင်းပေးနိုင်ပါက တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀အထိ ပေးမည်ဟု ဆုကြေးထုတ်ခဲ့သည်။

၎င်းတို့နှစ်ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဗဟိုကော်မတီကလည်းအောက်တိုဘာ ၁၆ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကလည်း ၎င်းတို့နှစ်ဦးကို ဖမ်း ဝရမ်းထုတ်ထား‌ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ သုံးလခန့်ကြာလာသည်အထိ ဖမ်းမမီသေး၍ယခုအခါ UWSA က ဖမ်းမိနိုင်ရေးကြိုးစားလာခြင်းဖြစ်သည်။

အွန်လိုင်းလိမ်လည်မှုများတွင် စစ်ကောင်စီက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။အကြမ်းဖက်စစ်တပ်အား မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် ရှုတ်ချကြောင်းနှင့်အဆိုပါရာဇ၀တ်မှုများမှ ၎င်းတို့ရရှိထားသည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို ဖော်ထုတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်၍ ယခုနောက်ဆုံးဖြစ်ရပ်အနေဖြင့် တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ၊ကြံ့ခိုင်​ရေးအမတ်​​ဟောင်း ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်ဖြင့် ယမန်နေ့( ဇန်နဝါရီလ ၃၀ရက်) ညက​ မြန်မာနိုင်ငံသို့ လာရောက်ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်များမှာ စစ်တပ်နှင့် ကာလရှည်လက်တွဲခဲ့​သော လုပ်​ဖော်ကိုင်ဘက်များလည်းဖြစ်ပြီး ဘင်​ပေါင်းစုံဖိအားကြုံ​နေ​သည့် စစ်​ကောင်စီက ​နောက်ဆုံးတွင်တရားခံ​ပြေးများအဖြစ် တရုတ်လက်ကို ထိုးအပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်အလိုရှိနေသော ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီက ဆက်လက်အကာအကွယ်ပေးထားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဇန်နဝါရီလ ၂၈ရက်နေ့ညတွင် ထုတ်ပြန်ပြီးနောက် သုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလွှဲအပ်လိုက်ခြင်းဖြစ်သည်။