Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုးမြစ်စာအုပ်တိုက်နှင့် လပြည့်လင်းပုံနှိပ်တိုက်၏ လုပ်ငန်းလိုင်စင် အာဏာသိမ်းစစ်ကောင်စီ ရုပ်သိမ်း

လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ တိုးမြစ်စာအုပ်တိုက်နှင့် လပြည့်လင်းပုံနှိပ်တိုက်တို့ထံ လတ်တလောဆက်သွယ်​၍ မရသေးပေ။

(အာဏာသိမ်းကာလမတိုင်မီက စာအုပ်စျေးပွဲတော်တစ်ခုတွင် တိုးမြစ်စာအုပ်တိုက်၏ အရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဥ်။ ဓာတ်ပုံ-တိုးမြစ် Page)
(အာဏာသိမ်းကာလမတိုင်မီက စာအုပ်စျေးပွဲတော်တစ်ခုတွင် တိုးမြစ်စာအုပ်တိုက်၏ အရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဥ်။ ဓာတ်ပုံ-တိုးမြစ် Page)

တိုးမြစ်စာအုပ်တိုက်မှာ ခြောက်တိုက်မြောက်ပိတ်ပင်ခံရခြင်းဖြစ်

တိုးမြစ်စာအုပ်တိုက်နှင့် လပြည့်လင်းပုံနှိပ်တိုက်တို့၏ စာအုပ်ထုတ်ဝေခြင်းနှင့်ပုံနှိပ်ခြင်းလုပ်ငန်းများအား အာဏာသိမ်းစစ်ကောင်စီက မတရားရုပ်သိမ်းလိုက်သည်။

နိုင်ငံရေးနှင့် လူမှုရေးအကျိုးပြုစာပေများထုတ်ဝေနေသော တိုးမြစ်စာအုပ်နှင့် လပြည့်လင်းပုံနှိပ်တိုက်တို့အား အာဏာသိမ်းစစ်ကောင်စီက ယခု ၂၀၂၄ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ၎င်းတို့၏ စာအုပ်ထုတ်ဝေခြင်းနှင့်ပုံနှိပ်ခြင်းလုပ်ငန်းများအား ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေး၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမှုတမှု၊ အခွင့်အရေးတို့ကို ထိခိုက်စေသည်ဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားသည်။

အဘယ့်ကြောင့် ရုပ်သိမ်းရခြင်းဖြစ်သည်ကိုမူ အာဏာသိမ်းစစ်ကောင်စီက အသိပေးထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

စာအုပ်တိုက်နှင့်နီးစပ်သူများနှင့် စာပေလောကကမူ ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက တိုးမြစ်စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည့် ဒေါက်တာအောင်ခင်၏ စိတ်ဓာတ်တော်လှန်ရေးစာအုပ်ကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။

“အဲဒီစာအုပ်က အသစ်မဟုတ်ဘူး။ ၂၀၁၈ တုန်းကတစ်ကြိမ်ထုတ်ပြီးသား။ အခု ဇန်နဝါရီမှာ အဲဒီမူအတိုင်း ဒုတိယအကြိမ်ထုတ်တာ။”ဟု စာပေအသိုင်းအဝိုင်းမှ စာရေးသူတစ်ဦးက ပြောသည်။

အဆိုပါ စာအုပ်သည် DVB သတင်းဌာန၏ အထူးဆောင်းပါးများနှင့် VOA သတင်းဌာန၌ တင်ဆက်ခဲ့သည့် အသံလွှင့်ဆောင်းပါးများဖြစ်သည်။

လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ တိုးမြစ်စာအုပ်တိုက်နှင့် လပြည့်လင်းပုံနှိပ်တိုက်တို့ထံ လတ်တလောဆက်သွယ်​၍ မရသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီအတွင်းက ရွှေလာဘ်စာပေတိုက်ကိုလည်းကောင်း၊ ရှင်ဥက္ကဌ၏ လူသေလူဖြစ် စာအုပ်ကို ပြန်လည်ထုတ်ဝေခဲ့သည့် ဝင်းတိုးအောင် ပုံနှိပ်တိုက်နှင့် ရန်အောင်စာပေတိုက်ကိုလည်းကောင်း၊ မေလတွင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှုစာအုပ် ထုတ်ဝေဖြန့်ချိခဲ့သည့် လွင်ဦးစာအုပ်တိုက်ကိုလည်းကောင်း၊ ဩဂုတ်လတွင် Clover Book House ကံကောင်းခြင်း အိမ်ငယ်လေး စာအုပ်တိုက်ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တော်လှန်ရေး၌ တက်ကြွစွာပါဝင်နေသည့် CDM ဆရာဝန် စာရေးသူ ဒေါက်တာဖြိုးသီဟ၏ ပီတိအိမ်စာပေကိုလည်းကောင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များအား အာဏာသိမ်းစစ်တပ်က မတရားရုပ်သိမ်းခဲ့သည်။