Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါ်တာဆွဲသူ၊ စစ်မှုထမ်းရန် ကူညီလုပ်ကိုင်​ပေး​နေသူများကိုတားဆီး၊ နှိမ်နင်း၊ အ​ရေးယူမည်ဟုNUG သတိ​ပေး

NUG က သတိ​ပေးသည့်အပြင် စစ်သားသစ်စု​ဆောင်း​ရေးတွင် ပါဝင်လုပ်ကိုင်​နေသူများကို အမှန်တကယ် ထိ​ရောက်စွာ အ​ရေးယူပြန်ရန်လို​ကြောင်း ပြည်သူများက​ပြောသည်။

(စစ်မှုထမ်းရန် ဝါဒဖြန့်စာရွက်များကို စစ်​သား၊ရဲနှင့် ယာဥ်ထိန်းရဲများကဖြန့်ချီစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ/ NUG ၏ ​ကြေညာချက်)
(စစ်မှုထမ်းရန် ဝါဒဖြန့်စာရွက်များကို စစ်​သား၊ရဲနှင့် ယာဥ်ထိန်းရဲများကဖြန့်ချီစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ/ NUG ၏ ​ကြေညာချက်)

▪︎NUG ကသတိ​ပေးခြင်းထက်လက်​တွေ့အ​ရေးယူပြရန်ပြည်သူများလိုလား

စစ်​ကောင်စီအတွက် ​ပေါ်တာဆွဲသူ ၊ စစ်မှုထမ်းရန်ကူညီသူများကို အမျိုးသားညီညွတ်​ရေးအစိုးရက တားဆီးနှိမ်နင်းအ​ရေးယူမည်ဟု သတိ​ပေးထုတ်ပြန်လိုက်သည်။

စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း၊ သင်တန်းပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာ ရောက်၍ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်မိန့် ထုတ်ပြန်ကြောင်း ၊တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီး နှိမ်နင်း အပြစ်ပေး အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းNUG ၏အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့(​ဖေ​ဖော်ဝါရီ ၂၄ ) ထုတ်ပြန်သည်။

စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများကို အကြမ်းဖက်မှုများတွင် အတင်းအဓမ္မ ပါဝင်စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများအဖြစ် စေခိုင်းရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အတည်ပြု အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်အုပ်စုသည် နိုင်ငံတော် အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဌာန်းခြင်း၊ အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့်အာဏာမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဖေဖော်ဝါရီ ၁၃ရက်တွင် ကြေညာထားပြီးဖြစ်သည်။ ထို​ကြောင့် စစ်​ကောင်စီအတွက် ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း၊ သင်တန်းပေးခြင်း လုပ်ငန်းများတွင်ပူးပေါင်းလုပ်ကိုင်သူများကို အ​ရေးယူမည်ဟု ဆက်လက်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

NUG က သတိ​ပေးသည့်အပြင် စစ်သားသစ်စု​ဆောင်း​ရေးတွင် ပါဝင်လုပ်ကိုင်​နေသူများကို အမှန်တကယ် ထိ​ရောက်စွာ အ​ရေးယူပြန်ရန်လို​ကြောင်း ပြည်သူများက​ပြောသည်။

“အဲ့လိုသတိပေးတာရော အရေးယူတဲ့အပိုင်းကိုပါ အမှန်တကယ်ဖြစ်လာစေချင်တယ် အခုဆို ရဲရဲတင်းတင်းလုပ်နေကြတာ။ ပြည်သူတွေကလဲ တစ်ယောက်နဲ့တစ်ယောက်သတိပေးနေစေချင်တယ်။ တစ်နေရာနဲ့ တစ်နေရာမှာ သူတို့လုပ်နေတဲ့ပုံစံက မတူကြဘူး။ တချို့က လူဦးရေစာရင်းဆိုပြီးကောက်တယ်။ တချို့က သန်းခေါင်းစာရင်းဆိုပြီးကောက်တယ်။ ပြီးတော့ အောက်ခြေမှာဘယ်သူတွေကလုပ်နေတယ်ဆိုတာကိုလဲ ပြန်ပြီး သတင်းပေးစေချင်တယ်။ အဲ့ဒါမှ အရေးယူတဲ့အပိုင်းကို ထိထိရောက်ရောက်လုပ်လို့ရမယ်လို့ထင်တယ်။”ဟု အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးက​ပြောသည်။

ရန်ကုန်မြို့​နေပြည်သူတစ်ဦးကလည်း “ကနဦးအနေနဲ့ကြိုဆိုတယ်လို့ပြောချင်တယ်။ လူထုအတွက် ခြောက်ခြားစရာကိစ္စတစ်ခုဖြစ်တာကြောင့်ရော၊ ပြည်တွင်း

စစ်မီးကို အကန့်သတ်မရှိချဲ့ထွင်စေနိုင်တဲ့ လုပ်ရပ်ကို တားစီးတဲ့အစီအမံထဲကတခုမို့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ကိုလိုလားပါတယ်။ တခြားစဉ်းစားစရာကိစ္စလေးတွေရှိပါလိမ့်မယ်။ ခုဒီအစီအမံက ပေါ်တာဆွဲတာ ၊အဓမ္မ ခေါ်ဆောင်ခံရတာတွေအပေါ် သိသာထိရောက်တဲ့ သက်ရောက်မှုရှိကောရှိပါ့မလား မေးခွန်းထုတ်စရာရှိတယ်။ NUG အနေနဲ့ စကစကို ကူညီပေးနေသူတွေရဲ့ အချက်အလက်တွေကို ဘယ်လိုနည်းနဲ့ရယူမလဲ ဘယ်လိုနည်းနဲ့စီစစ်မလဲ ပူးပေါင်းပါဝင်ကြတဲ့ လူထု အယောက်ချင်းစီတိုင်းရဲ့ အချက်အလက် လုံခြုံရေးအတွက် ဘယ်လောက်ထိလေးလေးနက်နက်ထားဆောင်ရွက်ပေးမလဲဆိုတာ အရေးကြီးပါတယ်”ဟုမှတ်ချက်ပြုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီ က အတင်းအဓမ္မ အသက်သွင်းနေသည့် စစ်မှုထမ်းဥပဒေကို တန်ပြန် ချေဖျက်ရန် ကြိုးစားရာ၌ နိုင်ငံရေး စဉ်းစားချက် ဆိုသည်ထက် နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်သည့် အမြင်ကိုပါ ထည့်သွင်းစဉ်းစားရန် ဖေဖော်ဝါရီ ၂၀ရက် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင် ဟန့်တားရာ ရောက်နေပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူငယ်တွေရဲ့ အသက်တွေနဲ့ လူငယ်တွေရဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါကို ကျွန်တော်တို့က ဟန့်တားဖို့ အထူး လိုအပ်နေပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကိုယ်စွမ်း ကိုယ်စရှိတဲ့ လူငယ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ယာယီသမ္မတက ပြောကြားထားသည်။

ဖပြည်သူအချို့ကလည်း PDF -ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့၊ ပအဖ -ပြည်သူအုပ်​ရေးအဖွဲ့များက ပိုအလုပ်လုပ်ပြီး ပြည်သူ​တွေကို အကာအကွယ်​ပေး​​စေလို​ကြောင်းပြောသည်။

” ဒါက အချိန်ယူလို့ ရတဲ့ဟာမဟုတ်ဘူး။ဒီထက် ပိုအကျိုးရှိဖို့ဆို သက်ဆိုင်ရာ မြို့တွေရဲ့ ပအဖတွေ ဒီက်စ္စနဲ့ ပတ်သက်ပြီး အလုပ်လုပ်ဖို့လိုတယ်။ ပအဖတွေ တနည်းတဖုံ ဟန့်တားရင် ဘောမတွေဘက်က တန့်သွားမယ်ထင်တယ်”ဟု ဖျားပုံမြို့မှ ပြည်သူတစ်ဦးက​ပြောသည်။

မြန်​အောင်မြို့ခံတစ်ဦးကလည်း” NUG ကိုလည်း တိုင်စရာရှိတာ တိုင်မှာ။ ပိုထိရောက်ဖို့ကတော့ PDF တွေက ဟန့်တားအရေးယူတာက ပိုထိရောက်မယ်ထင်တယ်။ စကစနဲ့ ပေါင်းတာနဲ့ အပြစ်ပေး ဟန့်တားဖို့ ပိုလုပ်စေချင်တယ်”ဟု​ပြောသည်။