Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံခြားသားတစ်ဦးကယူရေနီဓါတ်သတ္ထုဝယ်လိုကြောင်း​ပြောကြားလာဖူးပြီး၊ ယူ​ရေနီယံအ​ကြောင်းနားမလည်၍ လေ့လာမည်ဟုသာ​ပြောခဲ့ကြောင်းRCSS ဥက္ကဋ္ဌရှင်းလင်း

ဂျကန်ယာကူဆာ အီဘီဆာဝါနှင့် အတူထိုင်းနိုင်ငံသား ကြံရာပါ တဦးတို့သည်အ​မေရီကန်နိုင်ငံတွင် ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများနှင့် တရားစွဲဆို ခံထားရပြီး ဖြစ်သည်။

RCSSဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်
RCSSဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်

လွန်ခဲ့သည့် နှစ်အနည်းငယ်က နိုင်ငံခြားသားတစ်ဦးက ရှမ်းပြည်နယ်တွင် ယူ​ရေနီယံ ဓါတ်သတ္ထုထွက်​သော​ကြောင့် ဝယ်ယူလို​သည်ဟု ​ပြောဆိုလာဖူး​ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က​ပြောသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရှမ်းပြည်အတွင်း ယူရေနီယံဓါတ်သတ္တုထွက်သည်ဟုသတင်းရသဖြင့် အဆိုပါဓါတ်သတ္တုများဝယ်ယူလိုကြောင်း နိုင်ငံခြားသားတဦးကပြောဆိုလာခဲ့ဖူးကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများထွက်သည်ကို တကြိမ်တခါမျှမကြားသိရဖူးကြောင်း၊ ယူရေနီယံအကြာင်းကိုပင်စိုးစဥ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာပြန်ကြားခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟုအဖွဲ့ပိုင် မီဒီယာဖြစ်သော Tai Freedom မှ တဆင့် ယနေ့ ပြန်လည်ရှင်းလင်းခဲ့ရာဖော်ပြထားသည်။

ဂျပန်ယာကူဆာ​ခေါင်း​ဆောင်တစ်ဦးဖြစ်​သော အီဘီဆာဝါ
ဂျပန်ယာကူဆာ​ခေါင်း​ဆောင်တစ်ဦးဖြစ်​သော အီဘီဆာဝါ

အ​မေရီကန် နိုင်ငံတွင် ဖမ်းဆီးတရားစွဲဆိုခံ​နေရ​​သော ဂျပန် ရာကူဇာဂိုဏ်း​ခေါင်း​ဆောင် တစ်ဦးဖြစ်​သောအီဘီဆာဝါ ကိုနြူးကလီးယားဗုံးထုတ်လုပ်ရာတွင် အသုံးပြု​​သောယူ​ရေနီယံနှင့် ပလူတိုနီယံများ အီရန်နိုင်ငံသို့​ရောင်းချရန် စွပ်စွဲချက်ဖြင့် ထပ်တိုးတရားစွဲထားသည်။ အီဘီဆာဝါ ပြ​သော ယူ​ရေနီယံနှင့် ပလူတိုနီယံ ဓါတ်သတ္ထုနမူနာများတွင် ယူ​ရေနီယံအမှန်တစ်ကယ်ပါဝင်​နေပြီး အဆိုပါ ဓါတ်သတ္ထုကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှရခဲ့ခြင်းဖြစ်​ကြောင်း ထိုအဖွဲ့မှ RCSS ဖြစ်​ကြောင်း အ​မေရီကန်တရား​ရေး၏ ထုတ်ပြန်ချက်များကို ကိုးကား၍ မီဒီယာများက​ဖော်ပြ​နေကြသည်။

ထိုသို့သတင်းများထွက်​ပေါ် ​နေခြင်းအ​ပေါ် ​ ​ဖ RCSS ဥက္ကဋ္ဌက ပထမဆုံးအကြိမ်တုံ့ပြန်လာခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း online media များတွင်ဖေါ်ပြထုတ်လွှင့်လျှက်ရှိသော အမေရိကန်တရားစီရင်ရေးစွဲချက်ခေါင်းစီးအောက်မှ ယူရေနီယံရောင်းဝယ်ရေးသတင်းနှင့်ပတ်သက်၍မေးမြန်းရာတွင် RCSS ဥက္ကဋ္ဌ က အထက်ပါအတိုင်းဖြေကြားလာခြင်းဖြစ်သည်ဟု Taifreedomက ​ဖေ​ဖော်ဝါရီ ၂၅ ရက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ယူ​ရေနီယံဓါတ်သတ္ထုနှင့် ပတ်သပ်၍ မည်သည့်အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း၊ အဆိုပါစွပ်စွဲချက်များမှာ ရှေးယခင်ကနည်းတူ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်မည်သို့ပတ်သက်သည်ဟု တဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် လုပ်ရပ်သာဖြစ်ကြောင်း RCSS ဥက္ကဋ္ဌက ဖြေကြားခဲ့သည်ဟု Taifreedomက ဆိုသည်။

ဂျကန်ယာကူဆာ အီဘီဆာဝါနှင့် အတူထိုင်းနိုင်ငံသား ကြံရာပါ တဦးတို့သည်အ​မေရီကန်နိုင်ငံတွင် ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများနှင့် တရားစွဲဆို ခံထားရပြီး ဖြစ်သည်။

အီဘီဆာဝါနှင့် အပေါင်းအပါများသည် ထိုင်းနိုင်ငံ၌ အသွင်ယူ လှုပ်ရှားနေသည့် အမေရိကန် မူးယစ်မှောင်ခို တိုက်ဖျက်ရေး လျှို့ဝှက် အေးဂျင့် တစ်ဦးနှင့် တွေ့ဆုံရာ၌ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်သည့် ဓာတ်သတ္တုပစ္စည်း နမူနာပြသခဲ့ကြောင်းအမေရိကန် တရားရေး ဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါ အေးဂျင့်က အီရန် စစ်ဗိုလ်ချုပ် တစ်ဦးနှင့် အဆက်အသွယ်ရှိသည့် မူးယစ်နှင့် လက်နက်မှောင်ခို ကုန်သည်တစ်ဦးအဖြစ် ဟန်ဆောင် လှုပ်ရှားနေခဲ့ရာ အဆိုပါ နျူကလီးယား ဆက်စပ် ဓာတ်သတ္တု ပစ္စည်းများကို မြန်မာဘက်က ယူဆောင်လာခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက သိမ်းရခဲ့ပြီးနောက် အမေရိကန်ဆီ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်ဟုအ​မေရီကန်တရား​ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထို​ကြောင့် အသက် ၆၀ အရွယ် အီဘီဆာဝါ ကို နျူကလီးယားနှင့် ဆက်စပ် ပစ္စည်းများအား အီရန်သို့ တင်ပို့ရန် ကြိုးစားကြောင်း စွပ်စွဲချက်ဖြင့် အမေရိကန် အစိုးရ ရှေ့နေများက ထပ်တိုးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်သည်။ စွပ်စွဲချက်မှန်ကန်ပါက အီဘီဆာဝါသည်​ ထောင်အတွင်း၌ နှစ်ရှည်​နေထိုင်ရနိုင်​ကြောင်းလည်းသိသည်။

RCSS ဥက္ကဌ ယွက်ဆစ်သည် ၂၀၂၁ အာဏာသိမ်းစတွင် စစ်တပ်အာဏာသိမ်းမှုအ​ပေါ် ကန့်ကွက်​ကြောင်း​ပြောကြားခဲ့​သော်လည်း ​နောက်ပိုင်းတွင် စစ်​ကောင်စီနှင့် ​တွေ့ဆုံ​ဆွေး​နွေးမှုများ ပုံမှန်လုပ်​နေ​​သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ PDF များကိုလည်း မထိန်းနိုင်ဘဲ ဓါးပြများဖြစ်လာမည်ဟု​ပြောကြားခဲ့၍ ​​တော်လှန်​ရေးအင်အားစုများက၎င်းအားအပြင်းအထန်​ဝေဖန်ခဲ့ကြသည်။