Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့တွင် စစ်တပ် ရမ်းကားပစ်ခတ်၍ အရပ်သားနှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)
(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ် ရမ်းကားပစ်ခတ်၍ အရပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

ကလေးမြို့လယ်ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၇ရက်) နံနက် ၁၀ နာရီခွဲခန့်က စစ်ကားသုံးစီးပေါ်မှ စစ်ကောင်စီတပ်များသည် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကလေးမြို့ခံများက ပြောသည်။

“စစ်ကားမိုင်းဆွဲခံရလို့ လမ်းမှာ ရမ်းသမ်းပြီး အကုန်လိုက်ပစ်တော့တာပဲ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးမြို့၊ ဘူတာလမ်းခွဲနှင့် စမ်းမြို့ဘုန်းကြီးကျောင်းတို့တွင် ပစ်ခတ်ခံရပြီး ပြည်သူနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အခြား ပြည်သူတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု အခြားကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)
(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ – CJ)

“အသက် ၅၀ ကျော် လူကြီးတစ်ယောက်က ဘုရားကျောင်းသွားတဲ့ အချိန်မှာ ပစ်သွားတာလို့သေသွားတာပါ”ဟု အခြားကလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ရေးအရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့ဒေသခံများ အသက်အိုးအိမ်စည်းစိမ်ထိခိုက်နစ်နာမှုများ မဖြစ်စေရေး မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရှောင်ရှားကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်)တွင် အသိပေးချက်ထုတ်ပြန်သည်။

“လိုအပ်ချက်အရ သတိပေးထုတ်ပြန်တာဖြစ်ပါတယ်။ ပြည်သူတွေ အထိအခိုက်တွေ မဖြစ်စေဖို့ လိုက်နာကြဖို့ ထပ်မံတိုက်တွန်းပါတယ်” ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)
(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ – CJ)

“မိမိတို့တော်လှန်ရေးမဟာမိတ် အင်အားစုများသည် ယနေ့မှစ၍ ကလေးမြို့ပတ်ဝန်းကျင်နှင့် ကလေးမြို့အတွင်းသို့ စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုလားအပ်သည့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာ၍ အမြန်ဆုံး ရှောင်ရှားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)လက်အောက်ခံ တပ်ဖွဲ့ဝင်များ ရှိသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၁ရက်မှစတင်တိုက်ခိုက်ပြီးနောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။