Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟိုပုံးအ​ရှေ့ခြမ်းတိုက်ပွဲ စစ်​ကောင်စီတပ် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ဦးအပါအဝင်​​သေဆုံးထိခိုက်မှုများပြီးအ​လောင်း၁၆ ​​လောင်းရ

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)

▪︎လက်နက်မျိုးစုံ ၁၇ လက်နှင့်ခဲယမ်းများရ

▪︎စစ်အာဏာရှင်ကိုကာကွယ်ရ၍​ရှေ့တန်းဆန္ဒမပါဘဲလာရခြင်း ၊နယ်​မြေမကျွမ်းခြင်း​၊ အကျိုးစီးပွားမက်သူများသာဖြစ်ခြင်းကြောင့်စစ်တပ်​သေဆုံးထိခိုက်မှုများဟု PNLA ​ပြော​ရေးဆိုခွင့်ရှိသူ​ပြော

ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး ၊ဗိုလ်ကြီး ၃ဦး အပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ပြီး အ​လောင်း ၁၆ ​လောင်းကျန်ရှိကြောင်း သတင်းရရှိသည်။

ဒေသတွင်း လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှု ဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(PNLA)စစ်ကြောင်းကို ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်သဖြင့် ယမန်နေ့(ဖေဖော်ဝါရီ ၂၅ ရက်)က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း PNLA က ယနေ့ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)

ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)စစ်ကြောင်းမှ ရှင်းလင်းမှုပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

“သူတို့အဲ့လို အကျများတာ ပြည်သူနဲ့ဆန့်ကျင်ပြီး စစ်အာဏာရှင်အတွက်ကာကွယ်နေရတာဖြစ်တဲ့ အတွက် ဆန္ဒမပါပဲ ရှေ့တန်းတက်ရလို့လည်းဖြစ်တယ် ပြီးတော့ ပထဝီအနေအထားကို မကျွမ်းကျင်တာလည်း ပါတာပေါ့။ နောက်ပြီးတော့ စစ်ခေါင်းဆောင်တွေက တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွားအတွက် စစ်ထဲဝင်တဲ့လူတွေကအများစုဆိုတော့ ဒီလိုကျဆုံးတာဖြစ်တယ်” ဟု PNLA ပြော​ရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက​ ပြောသည််။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)

ထို့အပြင် စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တနေကုန်နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း PNLA က အသိပေးသည်။

ယမန်နေ့တွင်ပင် ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များနှင့် တိုက်ပွဲအပြီး မြင်ကွင်း။ ဓါတ်ပုံ-PNLA)

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို အသက်ပေး ကာကွယ်ပေးနေရသည့် မိမိ၏ လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLA က ထပ်မံတိုက်တွန်းသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟု အသိပေးထားသည်။