Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေချာပေါက်စစ်ရှုံးနေသည့်စစ်တပ် မိုက်တွင်းမနက်ဘဲ သားသမီးမြေးမြစ်တွေများအတွက် သိက္ခာချန်၊ လက်နက်ချသင့်ပြီဟု AAစစ်ဦးစီးချုပ် သတိပေး

ရခိုင်ပြည်နယ်သို့ ပြန်မည့် သူများအား ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလလယ်မှစ၍ ရေးသားဖြန့်ဝေနေကြပြီး ယခုကဲ့သို့ ဖမ်းဆီးမှုများဆက်တိုက်ဖြစ်နေခြင်းဖြစ်သည်။

သေချာပေါက်စစ်ရှုံးနေသည့်စစ်တပ် မိုက်တွင်းမနက်ဘဲ သားသမီးမြေးမြစ်တွေများအတွက် သိက္ခာချန်၊ လက်နက်ချသင့်ပြီဟု AAစစ်ဦးစီးချုပ် သတိပေး
သေချာပေါက်စစ်ရှုံးနေသည့်စစ်တပ် မိုက်တွင်းမနက်ဘဲ သားသမီးမြေးမြစ်တွေများအတွက် သိက္ခာချန်၊ လက်နက်ချသင့်ပြီဟု AAစစ်ဦးစီးချုပ် သတိပေး

စစ်ကောင်စီတပ် သေချာပေါက်စစ်ရှုံးနေပြီဖြစ်ပြီး လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ် ဆက်လက်မိုက်တွင်းမနက်ဘဲ သားသမီးမြေးမြစ်တွေများအတွက် သိက္ခာချန်ထားခဲ့သင့်ပြီး လက်နက်ချသင့်ပြီဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများအား သတိပေးတိုက်တွန်းလိုက်သည်။

ဦးမအလနဲ့ဗခကများ ခမျာ ခင်ဗျားတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှုကို လေးစားပါတယ်။ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသောအကောင်းဆုံးရွေးချယ်စရာ ဖြစ်ပါလိမ့်မည်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(ဖေဖော်ဝါရီ ၂၆ရက်) နံနက်တွင် သတိပေးလိုက်ခြင်းဖြစ်သည်။

တိုက်ပွဲတွင် ကျရှုံးနေချိန် ပြည်သူလူထုအားပစ်မှတ်ထား အကြမ်းဖက်နေမှုကိုလည်း” တပ်အချင်းချင်းတိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့အပြစ်မဲ့ပြည်သူ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီးလက်နက်အားကိုး မိုက်တွင်းနက်နေအုံးမယ်ဆိုရင်” မင်းတို့ရဲ့ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထား ခဲ့သင့်ပါတယ်”ဟု ရေးသားထားသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ရခိုင်တိုင်းရင်းသား လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးနေသည်။ လွန်ခဲ့သည့်တစ်ပတ်ခန့်က ကျောက်ဖြူလေဆိပ်သို့ ဆင်းသက်သည့် လေယာဉ်ပေါ်မှလိုက်ပါလာသူ ရခိုင်လူငယ် ၂၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ ရခိုင်ပြည်နယ်သို့ပြန်မည့် ကားသုံးစီးပေါ်မှ ရခိုင်လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ရခိုင်နိုင်ငံရေးအင်အားစုများကပြောသည်။

“အကုန်လူငယ်တွေချည်းပဲ ဖမ်းတာ။ အခုထိ ပြန်မလွတ်သေးဘူး။ ရခိုင်လူငယ်တွေကိုပစ်မှတ် ထားဖမ်းနေတာ”ဟု ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်သို့ ပြန်မည့် သူများအား ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလလယ်မှစ၍ ရေးသားဖြန့်ဝေနေကြပြီး ယခုကဲ့သို့ ဖမ်းဆီးမှုများဆက်တိုက်ဖြစ်နေခြင်းဖြစ်သည်။

ရခိုင်လူငယ်များပစ်မှတ်ထားဖမ်းဆီးခံရပြီးနောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များကို သတိပေးခြင်းလည်းဖြစ်သည်။

အသက် (၄၅)နှစ်အရွယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ပညာတတ်လူလတ်ပိုင်းတစ်ဦးဖြစ်ကာ စစ်ရေးနည်းဗျူဟာကျွမ်းကျင်သူအဖြစ်လည်း လူထုကြား၌နာမည်ကြီးသည်။ ယခင်က ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများ၌ စစ်တပ်ကိုအထိနာစေခဲ့သလို ယခုဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များကို ခြေမုန်းသုတ်သင်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ၁၅ရက်ကလည်းစစ်ကောင်စီတပ်သားများ မသေချင်လျှင် စောစောစီးစီးအလံဖြူထောင်ရန် ၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန် ရက္ခိုင့် တပ်တော် (AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် သတိပေးခဲ့ဖူးသည်။

ထိုနောက်ပိုင်းတွင် ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉)အပါအဝင် လက်အောက်ခံတပ်ရင်းတပ်မများကို တိုက်ခိုက် သိမ်းယူခဲ့သည်။