Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့နယ် ခံသာရွာတွင်သုံးရက်ဆက်တိုက်ပွဲဖြစ်

ဒေသတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ​နေရာများ၌ တိမ်းရှောင်နေသော မြို့ခံစစ်ဘေးရှောင်များကို ပြည်သူ့ကာကွယ်ရေးနောက်တန်းရဲဘော်များက စားနပ်ရိက္ခာများလိုက်လံ‌ ဖြန့် ဝေပေးနေကြောင်းသိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ/ စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများ။ဓါတ်ပုံ-​ကောလင်းခရိုင်အမှတ်(၁)တပ်ရင်း)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ/ စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများ။ဓါတ်ပုံ-​ကောလင်းခရိုင်အမှတ်(၁)တပ်ရင်း)

ရွှေပြည်စိုး/People’s Spring

ကောလင်းမြို့နယ်၊ ခံသာရွာ၌ အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှအနည်းဆုံး သုံးဦးသေဆုံးပြီး စစ်ရေးဆက်လက်တင်းမာနေကြောငကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။

ခံသာရွာသို့ ဝင်ရောက်လာသည့် စစ်​ကောင်စီတပ်စစ်ကြောင်းကိုကောလင်းခရိုင်အမှတ်(၁) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း ၊ ကောလင်းခရိုင်ပကဖ၊ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။မတ်လ၂ရက်မှ မတ်လ၄ရက်နေ့အထိ သုံး ရက်ဆက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟုသိရသည်။ တိုက်ပွဲအပြီးနယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီရုပ်အလောင်းသုံးလောင်းသည် တွေ့ရှိပြီး MA3 တစ်လက် ကင်းထောက်ဒရုန်း၁ စီးနှင့် ငါးကြင်းမြီးပြောင်းတစ်ခု နှင့် ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်းဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူနေအိမ်အများအပြားနှင့်ရွာရှိအထက်တန်းကျောင်းဆောင်ကြီး နှစ် ဆောင် ပျက်စီးသွားခဲ့​ကြောင်းသိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ/ စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများ။ဓါတ်ပုံ-​ကောလင်းခရိုင်အမှတ်(၁)တပ်ရင်း)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ/ စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများ။ဓါတ်ပုံ-​ကောလင်းခရိုင်အမှတ်(၁)တပ်ရင်း)

စစ်ကောင်စီစစ်ကြောင်းသည် ထိုနေ့က ကျောက်တန်းရွာသို့ပြန်လည်ဆုတ်ခွာသွားပြီး ယနေ့ (မတ်လ ၆ရက်) နံနက်တွင် ချပ်ကုန်းရွာသို့စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

လတ်တလောမြေပြင်အခြေအနေနှင့်ပတ်သက်၍” ရန်သူနှင့်နီးကပ်သောအနေအထားတွင်ရှိပြီး အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည့်အခြေအနေတွင်ရှိသည်” ဟု ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

“ကောလင်းဘက်မှာတိုက်ပွဲသတင်းတွေမြဲကြားနေရတယ်။ ကျနော်တို့ဘက်ကလည်းအသင့်ရှိနေတယ်” ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကောလင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ စစ်ရေးတင်းမာနေသလိုမြို့ပေါ်တွင်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်။ ကောလင်းမြို့ မင်းတဲကြီးရပ်ကွက်၊မင်းဂျမ်းစိုင်ဒူး၊ဆေးမင်းခုံအပြင်ကောလင်းမြို့မြောက်ဘက် အောင်ချမ်းသာ ရွာတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းများကိုမတ်လ ၄ရက်ညတွင်ကောလင်းခရိုင်တပ်ရင်း(၂)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကာ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်၌ ထိခိုက်မှုများကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က မတ်လ ၅ရက်တွင် ကနဦးသတင်းထုတ်ပြန်ထားပြီး နောက်ဆက်တွဲသီတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ရက်မှ၍ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ​ဖေ​ဖော်ဝါရီ ၁၃ ရက်တွင်မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲခဲ့ပြီး မြို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက်​တော်လှန်​ရေးအဖွဲ့များက မြို့ကို ပြန်ဝိုင်း၍ စစ်​ကောင်စီတပ်ကို တိုက်သလို ၊ စစ်​ကောင်စီတပ်ကလည်း မြို့နီးဝန်းကျင်​ကျေးရွာများကို စစ်​ကြောင်းထိုး၍ ​တော်လှန်​ရေးအဖွဲ့များကိုတိုက်ခိုက်သလို ရွာများကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအ​ခြေအ​နေမှ မတ်လ ၄ ရက်တွင် ​ကောလင်းမြို့​ပေါ်ရှိစစ်​ကောင်စီတပ်များကို ​PDF များက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြရ်သည်။

ကောလင်းမြို့နယ်အတွင်း လတ်တ‌လောဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ပိတ်မိနေသည့် ခရီးသွားများအပါအဝင် စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော်အတွက် အကူအညီများလိုအပ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ​နေရာများ၌ တိမ်းရှောင်နေသော မြို့ခံစစ်ဘေးရှောင်များကို ပြည်သူ့ကာကွယ်ရေးနောက်တန်းရဲဘော်များက စားနပ်ရိက္ခာများလိုက်လံ‌ ဖြန့် ဝေပေးနေကြောင်းသိရသည်။