Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားဆောင်းမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်

ဖားဆောင်းမြို့၏ ပြည်သူနေအိမ် ၊ဈေးဆိုင် အဆောက်အဦးများသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၉၀ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးထားသည်။

မတ်လ ၁ရက်က ဖားဆောင်းမြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေသည်ကိုတွေ့ရစဥ်။(ဓာတ်ပုံ - JFK)
မတ်လ ၁ရက်က ဖားဆောင်းမြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေသည်ကိုတွေ့ရစဥ်။(ဓာတ်ပုံ - JFK)

▪️စစ်ကောင်စီတပ်သားအချို့ အလင်းဝင်လာဟုဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ခဲ့သော ဖားဆောင်းမြို့တစ်ဝိုက်နှင့် မြို့တွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော်ပြုလုပ်ထားသည်ဟု ဆိုသည်။

“လက်နက်တွေပါတယ်။ ဖားဆောင်းမြို့မ ရဲစခန်းက တပ်သားတွေ။ငါးဦးလောက်ရှိတယ်လို့ လောလောဆယ် သိရတယ်။တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့(မတ်လ ၅ ရက်)တွင် ဖားဆောင်းမြို့မရဲစခန်းကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းအချို့ ရရှိခဲ့ကြောင်း သီးခြားသတင်းရင်းမြစ်က အသိပေးသည်။

“မနေ့က မနက်ပိုင်းက ရလိုက်တာလို့ သိရတယ်။စကစ အလောင်းနဲ့ ခဲယမ်းအချို့ ရတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်၌ရှုံးနိမ့်နေသည့် စစ်ကောင်စီက လေကြောင်း ပစ်ကူအား အဆမတန် အသုံးပြုနေဆဲဖြစ်ပြီး မတ်လ ၃ ရက်က ဖားဆောင်းမြို့၊ကွက်သစ်ရပ်ကွက်ကို ဗုံးကြဲခဲ့ရာ ပြည်သူငါးဦးသေဆုံးကာ ၂၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ဖားဆောင်းမြို့၏ ပြည်သူနေအိမ် ၊ဈေးဆိုင် အဆောက်အဦးများသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၉၀ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးထားသည်။

၂၀၂၀ ခုနှစ် ပြည်နယ်အစိုးရ၏စာရင်းအရ ဖားဆောင်းမြို့ပေါ်တွင် အိမ်ခြေ ၃၉၃လုံးနှင့် လူဦးရေ ၃,၄၀၁ဦးရှိသည်။ဖားဆောင်းမြို့၌ စစ်ကောင်စီ၏ ခလရ(၁၃၄)နှင့်(၁၃၅)တပ်တို့အခြေစိုက်ထားသည်။