Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ရန်ကုန်မြို့​မှာပင် စစ်မှုထမ်းရမည့်သူများကိုမဲနှိုက်​ရွေးချယ်၍ စာရင်းစတင်​ကောက်ခံ​လာ

အာဏာလုယူထားပြီး နိုင်ငံတစ်ဝန်းအကြမ်းဖက်၍ စစ်ရာဇဝတ်မှုများစွာကျူးလွန်​နေသည့် စစ်​ကောင်စီလက်​အောက်တွင်စစ်မှုမထမ်းဘဲ ​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီကို​တော်လှန်ကြရန် ​တော်လှန်​ရေူအဖွဲ့များက ဖိတ်​ခေါ်ထားကြသည်။

(စစ်​ကောင်စီက လူငယ်များကို စစ်မှုမထမ်းမ​နေရ ထမ်းခိုင်းရန် ဖိအား​​ပေးပြီးအချက်အလက်များဖြည့်သွင်း​စေမည့် ​လျှောက်လွှာများမှာ ရန်ကုန်မြို့ရှိ စစ်​ကောင်စီရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးများ၌​ရောက်ရှိ​နေပြီဖြစ်သည်။ဓါတ်ပုံ-CJ)

▪︎”မနေ့က(မတ်လ ၁၃ ရက်)ည က မဲနှိုက်ရတာ။အမ ကြီးသားပါသွားတယ်။သင်္ကြန်ပြီးရင် ခေါ်မယ်တဲ့။ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး”- ရန်ကုန်မြို့မှ မိခင်တစ်ဦး

ရဲခေါင် ၊သတိုး /People’s Spring

စစ်​ကောင်စီက ရန်ကုန်မြို့ရှိ မြို့နယ်အချို့ တွင် စစ်မှုထမ်းရမည့်သူများကို မဲနှိုက်ရွေးချယ်၍ စာရင်းရယူ နေကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ယခုရက်ပိုင်းအတွင်း အသက် ၃၀ မှ ၃၅ နှစ်အတွင်း အမျိုးသားများကို အဓိကရွေးချယ်ပြီး ရပ်ကွက်တစ်ခုလျှင် ၁၅ ဦး ခန့် ရွေးချယ်​နေရသည်ဟု ဆိုသည်။

(စစ်​ကောင်စီက လူငယ်များကို စစ်မှုမထမ်းမ​နေရ ထမ်းခိုင်းရန် ဖိအား​​ပေးပြီးအချက်အလက်များဖြည့်သွင်း​စေမည့် ​လျှောက်လွှာများမှာ ရန်ကုန်မြို့ရှိ စစ်​ကောင်စီရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးများ၌​ရောက်ရှိ​နေပြီဖြစ်သည်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီက လူငယ်များကို စစ်မှုမထမ်းမ​နေရ ထမ်းခိုင်းရန် ဖိအား​​ပေးပြီးအချက်အလက်များဖြည့်သွင်း​စေမည့် ​လျှောက်လွှာများမှာ ရန်ကုန်မြို့ရှိ စစ်​ကောင်စီရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးများ၌​ရောက်ရှိ​နေပြီဖြစ်သည်။ဓါတ်ပုံ-CJ)

“မနေ့က(မတ်လ ၁၃ ရက်)ည က မဲနှိုက်ရတာ။အမ ကြီးသားပါသွားတယ်။သင်္ကြန်ပြီးရင် ခေါ်မယ်တဲ့။ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး”ဟု သားဖြစ်သူ စစ်မှုထမ်းရသည်ကိုမလိုလားသည့် မိခင်တစ်ဦးက People’s Spring သို့ပြောသည်။

အသက် ၃၀ နှင့် ၃၅ နှစ်ကြားရှိ သူများကို လက်ရှိ အပါတ်စဥ် တွင် ဦးစားပေးရွေးချယ်ရန် ခိုင်စေထားပြီး တစ်ရပ်ကွက်လျှင် ၁၅ ဦး ပေးရမည်ဟု မရမ်းကုန်း မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အခုကတည်းက လူတွေ မဲနှိုက်ပြီး သင်္ကြန် ဆေးစစ် တာတို့ တခြားလိုအပ်တာတွေလုပ်မယ်လို့သိရတယ်”ဟု ၎င်းကဆက် ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေသည့် လူငယ်များ၏ ကိုယ်ရေးအချက်အလက်ထည့်ရမည့် ပုံစံစာရွက်များမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ ရောက်ရှိနေပြီဖြစ်သည်။

မရမ်းကုန်းမြိုနယ်တွင် စစ်မှူထမ်းစာရင်းပါဝင်သူများ၏ နေအိမ်များကို လျှောက်လွှာများဝေနေပြီး စာရင်း၌ပါဝင်သူ ခရီးမထွက်ရန် နှင့် ခရီးသွားမည်ဆိုပါက အကြောင်းကြားရန် ‌ပြောကြောင်း စစ်မှူထမ်းစာရင်းပါသည့် မိသားစု နှင့် ရင်းနှီးသူတစ်ဦးကပြောသည်။

“ရပ်ကွက်လူကြီးလမ်းလူကြီးနဲ့စစ်သားတွေပါတယ်ကွာ။ခရီးထွက်ရင်အကြောင်းကြားဖို့ ခွင့်ပြုချက်ယူခိုင်းတဲ့သဘော” ဟု ၎င်းကပြောသည်။

ထို့ပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ မှော်ဘီ မြို့နယ်များတွင်လည်း စစ်မှုထမ်းရန်အတွက် အပူတပြင်းလုပ်ဆောင်မှုများရှိသည်ဟု ဒေသခံများကပြောသည်။

“မှော်ဘီဘက်မှာလည်းစစ်မှုထမ်းဖို့ လူစုနေပြီ။ အသက် ၄၀ ထိ ရတယ်ပြောထားတယ်။သတင်းအရတော့ သတ်မှတ်ထားတဲ့လူရအောင်စုမှာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်​ကောင်စီ သတ်မှတ်ချက်အရဆိုလျင် စစ်မှုထမ်းရန် အကျုံးဝင်သူ (၁၄)သန်းရှိပြီး အပတ်စဉ်တစ်ခုလျှင် လူ(၅၀၀၀)နှုန်းဖြင့် လာမည့်ဧပြီလကစတင်ကာ ဆင့်ခေါ်မည်ဖြစ် စစ်ကောင်စီက ဆိုသည်။

လွန်ခဲ့သော ၁၄ နှစ်က စစ် အစိုးရ ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပ‌ဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာတည်စေကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါ

က ၅ နှစ် အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်။

စစ်​ကောင်စီမှာ တိုင်းပြည်အာဏာမတရား ရယူထား​သော အဖွဲ့ဖြစ်ပြီး ထိုသို့ ဥပ​ဒေပြဌာန်းပိုင်ခွင့်မရှိဘဲ ၊ လူငယ်များကို စစ်မှုမထမ်းမ​နေရ ဆိုကာဖိအား​ပေးလူစု​ဆောင်း ရာတွင်ပါဝင်သူများ ၊ကူညီသူများကို ထိ​ရောက်စွာအ​ရေးယူမည် ဟုအမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကထုတ်ပြန်ထားသည်။စစ်မှု မထမ်းမ​နေရ ဥပ​ဒေကို ​တော်လှန်​ရေးအဖွဲ့အစည်းများကလည်း ပြင်းထန်စွာကန့်ကွက်ထားကြသည်။

စစ်​ကောင်စီ၏ ထိုဥပ​ဒေ​ကြောင့်​တော်လှန်​ရေးအဖွဲ့များထံသို့ သွား​ရောက် ပူး​ပေါင်းသူ ၊ခိုလှုံသူများစွာရှိသလို ၊ ပြည်ပသို့ အလုပ်လုပ်ရန် ပညာသင်ရန် ထွက်ခွာသူ၊ထွက်ခွာရန် စီစဥ်​နေကြသူများစွာလည်းရှိသည်။

သို့​သော် အဆက်အသွယ်မရှိ ​ငွေ​ကြေးမတက်နိုင်သူများမှာ စစ်​ကောင်စီ၏ အတင်းအဓ္ဓစစ်သားစု​ဆောင်းမှုအ​ပေါ် ငြင်းဆန်းရန် အခက်အခဲပိုရှိ​နေ​ကြောင်း ပြည်သူများက​ပြောသည်။