Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

MPT မှာရင်းနှီးမြှပ်နှံထားတဲ့ဂျပန်ဆက်သွယ်ရေးလုပ်ငန်းစု KDDIက မြန်မာနိုင်ငံမှာ အရှုံး​ပေါ်နေတယ်လို့ အတည်ပြု

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

(ရန်ကုန်မြို့ရှိ MPT အ​ရောင်းပြခန်းတစ်ခု။ ဓါတ်ပုံ-ဆူမီတိုမို)
(ရန်ကုန်မြို့ရှိ MPT အ​ရောင်းပြခန်းတစ်ခု။ ဓါတ်ပုံ-ဆူမီတိုမို)

People’s Spring

ဂျပန် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ KDDIဟာ MPTနဲ့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံက ဖက်စပ် လုပ်ငန်းလည်ပတ်မှုတွေမှာ ငွေကြေး ပေးချေမှုနဲ့ အရှုံးပေါ်မှု ပြဿနာတွေ ကြုံနေရတယ်လို့အတည်ပြု ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

အဲဒီထိုးနှက်ချက်ကြောင့် KDDIဟာ နှစ်စဉ် အမြတ်ငွေ ခန့်မှန်းချက်ကို မူလ လျာထားချက်ထက် ယန်းငွေ ၄၅ ဘီလီယံ လျှော့ချလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတ်လကုန်မှာ အဆုံးသတ်ခဲ့တဲ့ အခု ဘဏ္ဍာရေးနှစ်အတွက် KDDIရဲ့ အမြတ်ငွေ ခန့်မှန်းချက်ဟာ ယန်း ၆၃၅ ဘီလီယံ ဖြစ်လာပါတယ်။ မနှစ်က ဝင်ငွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီခန့်မှန်းချက်ဟာ ၆ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်။

မြန်မာအခြေစိုက် လုပ်ငန်းခွဲအဖြစ် ထူထောင်ထားတဲ့ KDDI Summit Global Myanmar ဟာ Sumitomo Corpနဲ့ ပူးပေါင်းပြီး MPTရဲ့ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်တွေကို ၂၀၁၄ ခုနှစ် ကတည်းက ပံ့ပိုးပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဏာသိမ်း စစ်တပ်အပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုတွေကြောင့် KDDIဟာ ငွေကြေး လက်ခံရရှိဖို့ ဒေါ်လာ လဲလှယ်မှုမှာ ကန့်သတ်ချက် ကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

ဒါ့အပြင် Sumitomo Corpကလည်း တူညီတဲ့ အကြောင်းတရားကြောင်း မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းခွဲကနေ ငွေကြေးနစ်နာ ဆုံးရှုံးမှုတွေ ကြုံနိုင်ခြေကို ကြိုတင် ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုလို အကျပ်အတည်းတွေ ကြုံနေပေမယ့် ဂျပန်ကုမ္ပဏီ နှစ်ခုစလုံးက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍမှာ ဆက်လက် အာရုံစိုက် မြှုပ်နှံထားမယ်လို့ ပြောကြားခဲ့တာကြောင့် မြန်မာနိုင်ငံက မထွက်ခွာသေးဘဲ လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေဦးမယ်လို့ ယုံကြည်ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး အင်တာနက်လိုင်း​တွေဖြတ်​တောက်တာ ၊ဖုန်း​အော်ပ​ရေတာလုပ်ငန်း​တွေကို စစ်​ကောင်စီက ထိန်းချုပ်​နေတာ​ကြောင့် ဖုန်း​အော်ပ​ရေတာလုပ်ငန်း​တွေဟာစီးပွား​ရေးကျဆင်း​နေပါတယ် ။ဒါအပြင် စစ်အုပ်စုကိုယ်တိုင် ရှယ်ယာထည့်ဝင်တည်​ထောင်ထားတဲ့ Mytel ဆိုရင် ပြည်သူ​တွေက သပိတ်​မှောက်တာ ၊​တော်လှန်​ရေးအဖွဲ့​တွေက ဖုန်းတာဝါတိုင်​တွေကို ဖြိုချတာ​ကြောင့် ပိုအထိနာ​နေပါတယ် ။

ကိုးကား: Nikkei

ဆက်စပ်သတင်းများ

သတင်း

Elon Musk ပိုင်ဆိုင်သော X(Twitter)လူမှုကွန်ရက်မှတဆင့် ရန်ဟီးလီိက တိုက််တွန်းခဲ့ခြင်းဖြစ််ပြီး အာဏာသိမ်းစစ်ကောင်စီက မြေပြင်အခြေအနေမှန်များ ကမ္ဘာအနှံ့ရောက််ရှိရန် အလွန်ခက်ခဲစေရေးအတွက် အင်တာနက််ပိတ်ဆို့များကိို ဆက်လက်လုပ်ဆောင််ထားဆဲဖြစ်ကြောင်း အသိပေး ဖော်ပြသည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။