Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးဖယ်ခိုင်းသည့်ကိစ္စ TNLAနှင့် ဆွေးနွေးပြေလည်မှုရဟုဆို

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဆက်ဆံရေးရုံးအား ဖယ်ရှားရန် တအာင်းတပ်မတော်(TNLA) အရာရှိငယ်အချို့က ပြောကြားလာသည့်ကိစ္စနှစ်ဖက် ဆွေးနွေးညှိနှိုင်း ပြေလည်မှုရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

” ကွတ်ခိုင်က ဆက်ဆံရေးရုံးကိစ္စ KIAနဲ့ TNLA အရာရှိတွေ ဆွေးနွေးတာ အဆင်ပြေတယ်ဆိုတာ ဟုတ်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “ကွတ်ခိုင်အခြေအနေကောင်းတယ်” ဟု ပြောပြသည်။

ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်သူများနှင့် ဆွေးနွေးမှု ရလဒ် အခြေအနေများကို ဆက်လက်စုံစမ်းနေပြီး TNLAနှင့် KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူများထံသို့လည်း ဆက်သွယ်မေးမြန်းထားသည်။

KIA သတင်းများအဓိက ဖော်ပြနေသည့် 7Stars Newsက ယနေ့ ညနေပိုင်း၌ ကွတ်ခိုင် KIA ဆက်ဆံရေးရုံး နှင့်ပတ်သက်သည့် သတင်းကို ဖော်ပြရာ ဧပြီ ၁၅ရက် ယနေ့တွင် ကွတ်ခိုင်ဒေသရှိ KIA နယ်မြေတာဝန်ခံ အရာရှိနှင့် အတွင်းရေးမှူး တို့သည် TNLA အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ပြေလည်သည့် ဆွေးနွေး သဘောတူညီချက်ရရှိခဲ့ဟု အသိပေးသည်။

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံး၊ နမ့်အွမ်၊ နမ့်ဖက်ကာရှိ KIAရုံးများနှင့် တပ်ဖွဲ့ဝင်များကို ဧပြီ ၁၅ရက် နေ့လည် နောက်ဆုံးထား ထွက်သွားရန် သတိပေးခဲ့ခြင်းမှာ ကွတ်ခိုင်မြို့ရှိ အရာရှိငယ်များ၏ မှားယွင်းသော လုပ်ဆောင်မှုများသာ ဖြစ်ကြောင်း TNLAဘက်က ပြောကြားလာသကဲ့သို့ မည်သည့် ကိစ္စမဆို အချင်းချင်း လေးစားမှုရှိရှိ တိုင်ပင်ဆွေးနွေး လုပ်ဆောင်ကြရန် သဘောတူညီခဲ့သည်ဟု 7Stars News က ဖော်ပြသည်။

KIAနှင့် TNLAတို့သည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံပြီး ယခင်ရှိပြီးဖြစ်သည့် မဟာမိတ် ဆက်ဆံရေးစာချုပ်ကို ထပ်လောင်းအတည်ပြု ထားသည့် တပ်ဖွဲ့များဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါတပ်ရင်းအတွင်းမှ ရွှေချောင်းအချို့လည်းရရှိခဲ့ကြောင်း ကနဦးသတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲစုံစမ်းမှုအရ အဆိုပါရွှေချောင်းများမှာအတုဖြစ်ကြောင်းသိရသည်။