Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးမြို့နယ်အတွင်း ဒေသခံများ ကိုယ်တိုင် စီမံခန့်ခွဲသည့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဟု ထုတ်ပြန်

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

(လယ်ဒို​ဒေသတွင်မိုးရာသီ၌ သစ်ပင်စိုက်ပွဲ​တော်ပြုလုပ်စဥ်။ ဓါတ်ပုံ-KNU)
(လယ်ဒို​ဒေသတွင်မိုးရာသီ၌ သစ်ပင်စိုက်ပွဲ​တော်ပြုလုပ်စဥ်။ ဓါတ်ပုံ-KNU)

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုကော်ဆာ) အတွင်းရှိ ကျေးရွာများသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိ ခံစားနိုင်ရန် အတွက် စိတ်အားထက်သန်စွာဖြင့် မိမိတို့ ကျေးရွာများကို မိမိဘာသာ စီမံ ခန့်ခွဲနေမှုများ လုပ်ဆောင်လျက်ရှိကြော ကရင်အရေးပေါ် လူမှုကယ်ဆယ်ရေးကော်မတီ(လယ်ဒိုကော်ဆာ ) က ထုတ်ပြန်သည်။

အဆိုပါ ကော်မတီက လစဉ် သို့မဟုတ် သုံးလတစ်ကြိမ် ထုတ်ပြန်လေ့ရှိသည့် သဘောထား ထုတ်ပြန်ချက်ကို KNU ဗဟို သတင်းပြန်ကြားရေးက ယမန်နေ့တွင် ဖော်ပြအသိပေးခြင်းဖြစ်သည်။

ယခု ကာလသည် ပြည်သူလူထုများ အနေဖြင့်လူမှုဘ၀ လုံခြုံမှု ကင်းမဲ့နေလျက်ရှိကာ အကြောက်တရားဖြင့် နေ့စဉ် ရှင်သန်နေထိုင်လှုပ်ရှားနေရလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

လယ်ဒိုကော်ဆာ (ကျောက်ကြီးမြို့နယ်)အတွင်းရှိ ကျေးရွာများ တွင် ပြည်သူများမှ လက်ရှိ လုပ်ဆောင်နေသည့် ပြည်သူ့ အုပ်ချုပ်ရေး လုပ်ငန်းများကို သဘောထား အမြင် ဝေဝါး ကွဲလွဲစေသော လုပ်ငန်းများ၊ ဝင်ရောက်လုပ်ဆောင်နေမှု၊ တည်ဆောက်ရန် ကြိုးစားမှုများကို လုံး၀ လက်ခံမည် မဟုတ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ခဲ့ပြီး ပြည်သူ ဦးစီး လုပ်ဆောင်သည့် ပြည်သူ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ် ယန္တရားများနှင့် ပူးတွဲလုပ်ကိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

“ပြည်သူ့ ဦးစီးတဲ့ အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာတော့ ယခု လက်ရှိ အချိန်မှာတော့ ဘာပြဿနာမှ မရှိသေးပါဘူး။ ဒါတွေကို ကရင့် အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့အနေနဲ့ပြဿနာ မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

လက်ရှိ ကျောက်ကြီး ဒေသ စစ်ရေးအခြေနေမှာလည်း စစ်ကောင်စီတပ်ဘက်၏ တိုက်ခိုက်မှုများ ရင်ဆိုင်နေရကြောင်းလည်း ၄င်းက ပြောသည်။

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေး အဖွဲ့ သည် ဒေသတွင်းရှိ ပြည်သူများ၏ လူမှု ဘ၀ လုံခြုံရေးကို တက်နိုင်သည့် ဘက်မှ အစွမ်းကုန် ဖြေရှင်းနေခြင်းဖြစ်ပြီး ပြည်သူနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်သည်။ပြည်သူလူထုများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများကိုလည်း မှတ်တမ်းတင်ကာ ပြည်တွင်း ပြည်ပ နှင့် နိုင်ငံတကာ အဖွဲ့များ သိရှိ ပါဝင်လာနိုင်စေရန် ပြည်သူနှင့်အတူ ရပ်တည်ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီတပ်ကစခန်းကျပြီး​နောက် ယမန်​နေ့ညတွင် ​ဗုံးကျဲသလို ယ​နေ့ နံနက်ပိုင်းတွင်းလည်း စခန်းကို ​ပေါင်း၅၀၀ ဗုံးဖြင့်ကြဲခဲ့​ကြောင်း သတင်းရရှိသည်။

သတင်း

နယ်စပ်ရှိ ကရင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်များသည် ယခင် စစ်ကောင်စီလက်အောက်ခံ ဖြစ်ခဲ့သည့် နယ်ခြားစောင့်တပ်(BGF)များနှင့် ညှိနှိုင်းပြီး ဆုတ်ခွာခြင်းဖြစ်နိုင်ကြောင်း ပြောသည်။