Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခလရ (၂၇၅)ကထွက်​ပြေးစစ်သား​တွေ ဘယ်လိုခံစစ်ယူထားလဲ

ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

ခလရ (၂၇၅)ကထွက်​ပြေးစစ်သား​တွေ ဘယ်လိုခံစစ်ယူထားလဲ
ခလရ (၂၇၅)ကထွက်​ပြေးစစ်သား​တွေ ဘယ်လိုခံစစ်ယူထားလဲ

People’s Spring

မြဝတီမြို့ ၊မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂ )အနီးက အ​ကောက်ခွန်နဲ့ လဝကရုံးအ​ဆောက်အအုံ​တွေကိုအကာအကွယ်ယူပြီး ခံစစ်ပြင်ထားတဲ့ ခလရ ၂၇၅ စစ်​ကောင်စီတပ် ကို ​တော်လှန်​ရေးပူး​ပေါင်းအဖွဲ့​တွေက ဧပြီ ၁၉ ရက်ညကစပြီး တစ်ရက်ခွဲကြာတိုက်ခိုက်ပြီး ဒီက​နေ့ နံနက်ပိုင်းကစပြီးခေတ္တရပ်သွားပါတယ် ။ ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

ဒါ​ကြောင့် ခလရ (၂၇၅ )ကို​တော်လှန်​ရေးတပ်​တွေက အဲဒီ​နေ့ကတည်းကသိမ်းပိုက်ပြီးလက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး နယ်​မြေရှင်းလင်း​ရေးလုပ်နိုင်ခဲ့ပါတယ် ။ တံတားနားထွက်​ပြေးသွားတဲ့ စစ်​ကောင်စီတပ်သား​တွေကို ​တော်လှန်​ရေးတပ်​တွေက ဧပြီ ၁၉ ရက်ညဦးပိုင်းမှာ ဒရုန်းနဲ့စတင်တိုက်ခိုက်ပြီး အဲဒီနေ့ည တစ်ညလုံး ၊ ဧပြီ ၂၀ ရက်​နေ့မှာလည်းတစ်​နေလုံး ၊တစ်ညလုံး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ စစ်​ကောင်စီတပ်က ​သေဆုံးထိခိုက်သူများတယ်လို့ စစ်​ရေးသတင်းရင်းမြစ်​အချို့က​ပြောပါတယ်။ ဒါ​ပေမယ့်စစ်​ကောင်စီတပ်က​လေ​ကြောင်းက​​နေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၊ ခလရ ၂၇၅ ကလက်ကျန်စစ်သား​တွေ​နေရာယူထားတဲ့​အ​ဆောက်အအုံ​တွေဟာ ခံစစ်​ကောင်း​နေပြီး ​တော်လှန်​ရေးအဖွဲ့​တွေက ကွင်းပြင်​ခေါင်က​နေ ချီတက်တိုက်ခိုက်ရတဲ့အတွက် အခက်ကြုံခဲ့ရတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

စစ်ကောင်စီတပ်သား​တွေ​နေရာယူထားတဲ့ အဆောက်အဦး​တွေဟာ ထုထည်ကြီးမား ခိုင်ခန့်တာ ၊ နေရာယူခံစစ်ပြင်ရန်​ ကောင်း​နေတာ၊ ထိုအဆောက်အဦး​တွေထံသို့ ချည်းကပ်လာပါက ဘေးပတ်လည်မှာ ကွင်းပြင်ဖြစ်​နေတာ​ကြောင့် ရှင်းရှင်းမြင်နေရဆယ်လို့မြဝတီမြို့ ​မြေပြင်အ​နေအထားကို နှံစပ်​သော စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အနားကပ်ရင် သတ်ကွင်းကြီးလေ။ ရှင်းလင်းနေတာ။ နောက်ပြီး အဆောက်အဦးက ကောင်းလို့ နေရာယူလို့ အရမ်းကောင်းတယ်။ တော်တန် ဒရုန်းလည်း ခံနိုင်ရည်ရှိလောက်မယ်”လို့သူကသုံးသပ်ပါတယ်။

ဒါ​ကြောင့်စစ်​ကောင်စီတပ်သား​တွေ ဘယ်လို​နေရာယူထားတယ်ဆိုတာရယ် ၊တိုက်ပွဲ​တွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာရယ်ကို စာဖတ်သူ​တွေ ပိုနားလည်​စေဖို့ လူထု​​နွေဦးက အင်ဖိုဂရပ်နဲ့​ဖော်ပြလိုက်ပါတယ်။

တစ်ရက်ခွဲကြာတိုက်ပွဲမှာစစ်​ကောင်စီတပ်က ၅၀ ဝန်းကျင်​သေဆုံးတယ်လို့ ထိုင်းသတင်းဌာန Thai PBS က​ဖော်ပြပါတယ်။ ၅၀ ​လောက်​သေတယ်ဆိုရင် ၂၇၅ လက်ကျန်တပ်မှာ အ​ကောင်းအတိုင်းကျန်တဲ့ စစ်သား အများကြီးမကျန်နိုင်​တော့ဘူးလို့စစ်​ရေးရင်းမြစ်က​ပြောပါတယ်။ဒါ​ပေမယ့်စစ်​ကောင်စီတပ်က​သေဆုံးထိခိုက်သူများတယ်လို့သိရ​ပေမယ့် ဘယ်နှစ်ဦး​သေဆယ်ဆိုတာက​တော့ People’s Spring ကသီးခြားအဆည်မပြုနိုင်​သေးပါဘူး။ ​တော်လှန်​ရေးပူး​ပေါင်းတပ်မှာလည်းထိခိုက်ကျဆုံးမှုအချို့ရှိခဲ့​ကြောင်းသိရပါတယ်။

ဧပြီ (၂၁)ရက်​နေ့ မနက် ၉နာရီ​လောက်ကစပြီး တိုက်ပွဲ​တွေ​ခေတ္တရပ်နားသွားပြီး ဘာ​ကြောင့်ရပ်နားသွားတယ်ဆိုတာ​တော့မသိရ​သေးပါဘူး။ ဒါ​ကြောင့် မြို့​ပေါ်မှာ BGF အသွင်​ပြောင်း KNA တပ်​တွေပုံမှန်အတိုင်းလုံခြုံ​ရေးယူထားသလို၊ အမှတ် ၂ တံတားနားက အ​ကောက်ခွန်နဲ့ လဝကရုံးအ​ဆောက်အအုံ​တွေမှာ​တော့ ၂၇၅ ကထွက်​ပြေးစစ်သား​တွေထဲကတိုက်ပွဲမှာမ​သေတဲ့လက်ကျန်စစ်သား​တွေရှိ​နေပါတယ် ။ ဒါ​ပေမယ့် စစ်​ကောင်စီတပ်ဆီ စစ်ကူပို့တဲ့စစ်​ကြောင်းကလည်း​ဒေါန​တောင်​ခြေက​နေ ဆက်မတိုးနိုင်တာ​ကြောင့်၊ဘယ်ကမှ စစ်ကူထပ်မ​ရောက်ဘူးလို့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

ခလရ (၂၇၅ ) မှစစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းတိုက်ခိုက်ခံရပြီး တစ်ရက်ခွဲခန့်အကြာတွင် ဧပြီ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြခြင်းဖြစ်​ကြောင်း စစ်​ရေးရင်းမြစ် နှစ်ခုက​ပြောကြားသည်။

သတင်း

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။

သတင်း

ဂေါက်ကွင်းတိုက်ပွဲမှာ စစ်တပ်အာဏာသိမ်းစတွင် မင်းတပ် CDF ရဲဘော်များ၏ တူမီးသေနတ်များဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၆စီး မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ် အများအပြား သေဆုံးထိခိုက်ရှိခဲ့သည့် ထင်းရှားသည့်တိုက်ပွဲဖြစ်သည်။