Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့ပေါ်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

(၂၀၂၁ ဧပြီလက မိုး​မောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဥ်။ ဓါတ်ပုံ-CJ)
(၂၀၂၁ ဧပြီလက မိုး​မောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဥ်။ ဓါတ်ပုံ-CJ)

သရဖူ/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဗန်းမော်မြို့ဘက်မှ​နေ၍ စစ်ကောင်စီတပ်ကပစ်ခတ်သည်လက်နက်ကြီးကျည်သည် မိုးမောက်မြို့ပေါ်ရှိနေအိမ်တစ်အိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးမှုအချို့ရှိကြောင်း ဒေသခံများကပြောသည်။

“လောလောဆယ် အောက်ချိုင့်ဘက်က နေအိမ်ပေါ် လက်နက်ကြီးကျတာရှိတယ်။ အရပ်သားနှစ်ယောက်သေတယ်။ အလောင်းကောက်လို့မရသေးဘူး။ လူမှုရေးကားတွေလည်းဝင်လို့မရသေးဘူး”ဟု ဒေသခံတဦးက ဧပြီ ၂၂ ရက် ‌မွန်းလွဲဆဆဆဆဆ ၁နာရီခန့်တွင်ပြောသည်။

မိုးမောက်မြို့ပေါ်တွင် ယနေ့(ဧပြီလ ၂၂ရက်) နံနက် ၇နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)တို့ကြား တိုက်ပွဲအပြင်အထန်ဖြစ်ပွားခြင်းဖြစ်သည်။ ဗန်းမော်မြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲစတင်ခြင်း

Public Service Announcement

Public Service Announcement

ဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ မြေပြင်၌တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက ဗန်းမော်မြို့အခြေစိုက်တပ်ရင်းများမှနေ၍ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲ​ကြောင့်နှစ်ဖက်ထိခိုက်မှု အ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

“မနက်ကိုးနာရီလောက်ကစပြီးလက်နက်ကြီးပစ်တာ။ အခုတစ်မြို့လုံးက ဗုံးခိုကျင်းတွေထဲမှာပဲနေကြရတယ်။ အပြင်ကိုဘယ်သူမှမထွက်ရဲကြဘူး”ဟု မိုးမောက်မြို့ခံတစ်ဦးကပြောသည်

ဗန်းမော်မြို့တွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မ ၈၈ ရှေ့တန်းဌာနချုပ်နှင့် အမြောက်တပ်ရင်း(၃၆၆)တို့ရှိသည့်အပြင် မိုးမောက်မြို့အနီးတွင်လည်း ခမရ-၄၃၇ တပ်ရင်းတို့ ရှိနေသည်။ ထိုနေရာများမှနေ၍ စစ်ကောင်စီကလက်နက်ကြီး အများအပြားဖြင့်ပစ်ခတ်နေခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

တိုက်ပွဲကြောင့်ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရှိရသေးပေ။

KIA သည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိစစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လ ဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ မိုးမောက်မြို့ပေါ်မှဌာနဆိုင်ရာရုံးများ ပိတ်သွားခဲ့ပြီး ဝန်ထမ်းများသည် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

တိုက်ပွဲဖြစ်နိုင်သည်ဟူသောသတင်းများကြောင့် မြို့ခံအများအပြားလည်း ဗန်းမော်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြပြီး အချို့မှာမြို့ပေါ်၌ ကျန်ရှိနေဆဲဖြစ်သည်။ထို​နောက်ဧပြီ ၂၂ ရက် မိုးမောက်မြို့ပေါ်၌ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။