Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်၌ ဆက်လက်တိုက်ပွဲပြင်းထန်၊ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာ၍ ကျားဖြူစစ်ကြောင်း မြို့​ပေါ်မှ အနည်းငယ်နောက်ဆုတ်ထားရ

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

(စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကော့ကရိတ်မြို့၌ ကြားဖြတ်တိုက်ခိုက်နေရာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်နေ၍ ရဲဘော်များ ထိခိုက်ကျဆုံးမှုရှိ၍ အနည်းငယ်နောက်ဆုတ်ထားရကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောသည်။

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

“စကစက ကျည်ကိုမိုးရွာသလိုရွာတာ။ ကျွန်တော်တို့က အဲလိုမရွာနိုင်ဘူး။ အင်အားကအရမ်းများတော့ ရဲဘော်တွေ အထိမနားအောင် အနည်းငယ်နောက်ဆုတ်ပေးထားရတယ်”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီက မြေပြင်မှ အင်အားအများအပြား အသုံးပြုပြီး လေကြောင်းမှလည်း အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်နေ၍ ရဲဘော်များ မူးမေ့၊ အော့အန်ခြင်းနှင့် ထိခိုက်မှုများလည်းရှိကြောင်း ၎င်းက ပြောသည်။ သုံးရက်အတွင်း ရဲဘော် လေးဦးကျဆုံးခဲ့ရကြောင်း ကျားဖြူစစ်ကြောင်းက ယနေ့ အသိပေးထားသည်။ ထို့အပြင် ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရထားသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

“ကျည်မလောက်တော့ ရဲဘော်တွေက စိတ်အားငယ်နေတာ။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီစစ်ကြောင်းမြဝတီမရောက်ရေး အတက်နိုင်ဆုံး တားသွားမှာပါ”ဟု ဗိုလ်မှူးကျော်ဟိန်းက ဆက်​ပြောသည်။

ဧပြီ ၁၉ရက်ကစ၍ စစ်ကောင်စီ၏ အောင်ဇယျစစ်ကြောင်းအား ကော့ကရိတ်မြို့နယ်မြောက်ခြမ်းနေရာများ၊ အာရှလမ်းမကြီးနေရာများနှင့် တတန်းကူးကျေးရွာနေရာများအား တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သို့​သော်စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌‌ခြေမှ ရှေ့ဆက်မတိုးနိုင်ဘဲ လက်ရှိတွင် ဒေါနတောင်ခြေ၌ ရပ်တန့်နေသည်။ မြေပြင်မှစစ်ကြောင်းထိုးနိုင်ခြင်းမရှိဘဲ စစ်ကောင်စီက Y-12 လေယာဥ်ဖြင့်သာ လာရောက်တိုက်ခိုက်နေသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ကရင်ပြည်နယ် မြ၀တီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးခဲ့ဟု KNUဗဟိုက ထုတ်ပြန်ထားသည်။

မြ၀တီမြို့၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၇၅)တပ်အား ဧပြီ ၁၁ရက်တွင် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ”အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား KNLAမှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဖက်တောင်ခြေတွင်သာ ရပ်တန့်နေခဲ့ရကြောင်း အသိပေးသည်။ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ခြေအနီး တတန်းကူးကျေးရွာသို့ ရောက်ရှိနေသည်မှာ တစ်ပတ်​ကျော်ပြီဖြစ်သည်။

အာဏာသိမ်းစစ်​​ကောင်စီ ဒု​ခေါင်း​ဆောင် စိုးဝင်းကိုယ်တိုင်ကိုင်တွယ်ကွပ်ကဲသော ‘အောင်ဇေယျစစ်ဆင်ရေး’ဟု အမည်ပေးထားသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီ ဒုတိယအပတ်က စတင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။