Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာနမခတိုက်ခိုက်မှု စစ်အုပ်စုအထိအခိုက်များဟု တိုက်ခိုက်​သောအဖွဲ့များ​ပြော

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(နမခအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ရော့ကတ်နှင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG)
(နမခအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ရော့ကတ်နှင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG)

​အောင်​ဇေယျ ၊နန်းနောင့်နောင့်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ဇေယျာသီရိခန်းမ၌ တိုင်းမှူးပါဝင်သည့် အစည်းအဝေးပြုလုပ်နေစဉ် ရော့ကက် ၂၀လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ နေရာထက်မနည်း ထိမှန်ခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နမခကိုတိုက်ဖို့ အချိန် နှစ်လလောက်ကြိုတင်ပြင်ဆင်ခဲ့ရတယ်။ အခုသွားရောက်တိုက်ခိုက်တာက နမခ ခြံစည်းရိုးအနီးကို ကပ်ပြီး တိုက်ခိုက်ခဲ့တာ။ နမခကို စုစုပေါင်း သုံးကြိမ်တိုက်ခိုက်မှုမှာ ဒီတစ်ခါကတော့ အားရကျေနပ်ဆုံးပဲ။ နမခထဲ ဘယ်နား ဘာရှိတာကအစ ဖရဲသီး သတင်းပေးကလဲ ကောင်းလို့ပါ။”ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

(နမခအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ရော့ကတ်နှင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG)
(နမခအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ရော့ကတ်နှင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG)

ထိုတိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်အတွင်းရှိ အစည်းအဝေးပြုလုပ်နေသည့် ဇေယျာသီရိခန်းမ ရှော့တိုက်ရော့ကတ် ထိမှန်ခဲ့ပြီး တိုင်းအရာရှိအကြီး ၂ ဦးအပါအဝင် တိုင်းအရာရှိများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ဗဟိုကင်းကိုလည်း ရှော့တိုက်ရော့ကတ် ထိမှန်ပေါက်ကွဲပြီး ဗိုလ်မှူးအပါအဝင် တပ်စိတ် ၁ စိတ်မှာ ထိခိုက်သေဆုံးခဲ့ကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။

တိုင်းစစ်ဌာနချုပ်ရှိဇေယျာသီရိခန်းမ၊ဗဟိုကင်း၊တိုင်းရုံးကင်း၊ စစ်တိုင်းမှူးအိမ်ယာဝန်း၊ စစ်မြေပြင် ဆေးတပ်ရင်း (မဆရ ၇)၊ တပ်ဆေးရုံအရာရှိရိပ်သာ၊

ထောပ်ပို့ရေးရိက္ခာသိုလှောင်ရုံ၊ စရဖရုံးတို့ကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခြင်းဟုKLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“နမခထဲမှာ အခြေအနေက တော်‌တော် ရှုပ်ထွေးသွားပြီး လေကြောင်းကပါ ကင်းပတ်တော့တာ။ သေဆုံးတဲ့အထဲမှာ အရာရှိတွေရော ကင်းသမားတွေပါ ပါတယ်။ အသေးစိတ်အတည်ပြုချက်ကတော့ ထပ်ထုတ်မယ်” ဟု ယင်းမာပင်ခရိုင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် နမခ အမြောက်တပ်( ၅၀၈)မှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့်ဘေးပတ်ဝန်းကျင်ပြည်သူ့ရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သည်။တိုင်းမှူး သန်းထိုက်က လေကြောင်းအကူ အရေးပေါ်ခေါ်ကာ ည ၉နာရီတွင် တံတားဦးလေတပ်စခန်းမှ Yak-130 တိုက်​လေယာဥ် ဖြင့် နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင်သို့ ကင်းပတ်ခဲ့ကြောင်း ဟုKLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့နှင့်အတူ Chindwin Rocket Brothers -(C.R.B)Dragon Brothers Task Force-DBTF၊Advance-47၊ Chindwin Brothers, ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင်တပ်ရင်း(၁၃)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ချိန်၌ လေကြောင်းရန်ကာကွယ်ရေး လေကြောင်းကင်းထောက်ပေးခဲ့သည့် Nationawide Air Scout-NAS ကို ကျေးဇူးတင်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ‌ဖေဖော်ဝါရီလ ၁၅ရက်ကလည်း ယင်းမာပင်ခရိုင်တပ်ရင်း(၃၇)နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဘေးပတ်ဝန်းကျင် ၅မိုင်မှ၁၀မိုင်ကွာရှိကျေးရွာများကို ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသည်။

စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့သောကြောင့် နမခ အနီးရှိ ဆုံကုန်း၊ ဘူးတောင်းကန်၊တဲကြီးကုန်း၊ပေကုန်း၊ခိုးသန်းနှင့်ကြီးဗဒုံရွာများမှ ဒေသခံအများအပြား၏ နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။