Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို ထပ်မံ သိမ်းပိုက်နိုင်၊ လက်နက်ခဲယမ်းများရဟု KNU တပ်မဟာ(၅) ထုတ်ပြန်

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)

▪︎စစ်အာဏာရှင် ချုပ်ငြိမ်းရေးနေ့ည တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ဒွိဟသံသယ မဖြစ်ရန် နှင့် စိတ်ဓာတ်မကျရန် KNLA မြေပြင် တပ်မှူးပြော

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ဖာပွန်ဒေသ အခြေစိုက် စစ်ကောင်စီတပ်ရင်း(၂)ကို ယမန်နေ့ ဧပြီ ၂၄ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၂၄ )မနက် ၄နာရီတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းအား တစ်ရက်အတွင်း အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိ​ပေးထားသည်။

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)
(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)

ရှေ့တန်းစစ်မျက်နှာအတွင်းရှိ ဗိုလ်အယ်ခူစိုး က “လုပ်ငန်းရဲ့လုံခြုံရေးအရ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့်လုပ်ငန်းများအပေါ် လုပ်ငန်းဖြစ်မြောက်ခဲ့သမျှကိုကောက်ကာငင်ကာထပြီးမဖေါ်ပြချင်သေးဘူး။ သို့ပေသိ လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်သူတွေစိတ်ကုန်လက်ပန်းကျစရာအကြောင်းအရာတွေတွေ့နေရတော့ မဖေါ်ပြမဖြစ်ဖေါ်ပြပေးရခြင်းဖြစ်တယ်။”ဟု ပြောကြားခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

လက်ရှိ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဝင်နေမှုအပေါ် ဒွိဟ မဖြစ်ကြရန်လည်း ဗိုလ်အယ်ခူစိုးက ပြောကြားသည်။

“အခု ကျွန်တော်တို့တစ်တွေသွားနေတာက စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ နေ့နေ့ညညတိုက်ပွဲဝင်နေပါတယ်ဆိုတာကို ပြည်တွင်း၊ နယ်စပ်၊ ပြည်ပမှာရှိနေကြတဲ့ ကရင်ပြည်သူတွေရော တိုင်းရင်းသားပြည်သူတွေအားလုံးကိုပြောချင်ပါတယ်။ ရှိရှိသမျှငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား အားလုံးပါဝင်ပေးဆပ်ကြသူတွေကို‌ပြောချင်တာက ဒွိဟသံသယမဖြစ်ကြပါနဲ့ စိတ်ဓာတ်ကျဆုံးမှုတစ်စုံတစ်ရာမဖြစ်ကြပါနဲ့” ဟု ဗိုလ်အယ်ခူစိုးက ပြောကြားခဲ့သည်။

(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)
(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)

စစ်ကောင်စီစခန်းနှစ်ခုမကျဆုံးမီနှင့် ကျဆုံးသွားပြီးနောက်ပိုင်း မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်လုံးအတွင်း တိုက်လေယာဥ်ဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းလေယာဥ်ဖြင့်တိုက်ခိုက်ခြင်းအား ယခင်ကထက်ပိုမိုတိုက်ခိုက်လာကြောင်း၊ သို့ရာတွင် ပြည်သူ ထိခိုက်မှု မရှိကြောင်း အသိပေးသည်။

(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)
(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)

KNLA ပူးပေါင်းတပ်များသည် မတ်လကတည်းက ဖာပွန်ရှိ စစ်ကောင်စီတပ်များကို ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းပြီး မြို့ကို ထိန်းချုပ်ထားပြီးဖြစ်သည်။ ထို့ပြင် ခလရ(၁၉) စစ်ကောင်စီတပ်ရင်းကိုလည်း သိမ်းပိုက်ထားနိုင်ပြီးယခု တွင် ထပ်မံ၍ တပ်ရင်းနှစ်ခု သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်သည်။

(ဧပြီ ၂၄ ရက်တွင် စစ်​ကောင်စီ​တပ်၏ ဖားပွန်​ဒေသခမရ(၄၃၄) နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန-စစန(၆၄၂) တပ်စခန်းဆို့အားတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNU Mutraw News)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။