Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံထားရတဲ့ ဒုချုပ်စိုးဝင်း စစ်​ကောင်စီအစည်းအဝေးမတက်

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

ဒရုန်းနဲ့ တိုက်ခိုက်ခံထားရတဲ့ ဒုချုပ်စိုးဝင်း စစ်​ကောင်စီအစည်းအဝေးမတက်
ဒရုန်းနဲ့ တိုက်ခိုက်ခံထားရတဲ့ ဒုချုပ်စိုးဝင်း စစ်​ကောင်စီအစည်းအဝေးမတက်

▪︎တိုက်ခိုက်ခံရပြီး​ လူမြင်ကွင်းကပျောက်​နေတာ ၁၂ ရက်​ကျော်ရှိလာ

​နေ့သစ်/People’s Spring

စစ်​ကောင်စီ ကလူစုံတက်​ရောက်တဲ့ ဧပြီ ၂၂ ရက်အစည်းအ​ဝေးမှာ ဧပြီ ၁၀ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး​ပျောက်​နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်လာတာ မတွေ့ရပါဘူး။

စစ်​ကောင်စီရဲ့ ဝန်ကြီး​တွေ အစုံတက်​ရောက်သလို၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်​တွေ ဗီဒီယိုကွန်းဖရင့်စ်က​နေ တကိကြတယ်ဆိုတဲ့ အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလူကိုယ်တိုင်​ရော ၊အွန်လိုင်းကပါ မတက်​ရောက်ခဲ့ပါဘူး။

ဒုချုပ်စိုးဝင်း နဲ့ စစ်တပ်အရာ​တွေ​တွေကို ဧပြီ ၁၀ ရက်​နေ့က ​မော်လမြိုင်မြို့ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ရှိ စု​ပေါင်းစစ်ဆင်​​ရေးခန်းမတွင် အ​ရေးကြီးအစည်းအ​ဝေးလုပ်​နေချိန်မှာရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲရဲ့ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ် ။အဲဒီတိုက်ခိုကိမှု​ကြောင့် ​သေဆုံးသူ ၊ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး ဒုချုပ်စိုးဝင်းလည်း ဒဏ်ရာရခဲ့တယ်လို့ ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ဒုချုပ်စိုးဝင်းဟာ ပေါက်ကွဲဒဏ်ရာထက် အမိုးတန်း ပုခုံးပေါ်ပြုတ်ကျသည့်ဒဏ်ရာက ပိုမိုပြင်းထန်ခဲ့ကြောင်း၊ အရာရှိအရာခံ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း၊ ကစထ မှူး ညွန့်ဝင်းဆွေက ခြေထောက်ပဲထိပြီး စိုးဝင်းလောက် မစိုးရိမ်ရကြောင်း၊ အခုတော့ ၁/၁၀၀၀ စစ်ဆေးရုံမှာ ကုသခံနေရကြောင်း အထက်ပါတာဝန်ရှိသူက People’s Spring သို့ဧပြီ ၁၈ ရက်မှာ​ပြောပါတယ် ။

“​နေပြည်​တော်ပြန်​ရောက်သွားပြီ ။ဒဏ်ရာက​တော့ရထားတယ် ။​ဆေးကုသမှုက​တော့ခံယူ​နေရဦးမှာပဲ။ကျန်တဲ့ ​နောက်ဆက်တွဲသတင်းတော့ ​​သေချာ မသိရ​သေးဘူး”ဟုရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူကဆက်​ပြောသည်။

ဒါ​​ပေမယ့် ဧပြီ ၂၂ ရက်က​နေပြည်​တော်မှာလုပ်ခဲ့တဲ့အစည်းအဝေးမှာတော့ ဒုချုပ်စိုးဝင်းထိုင်​လေ့ရှိတဲ့ စစ်​ခေါင်း​ဆောင်ရဲ့ ညာဘက်ထိပ်ဆုံးခုံး​နေရာကို လစ်လပ်နေတာ အတိုင်းသားတွေ့ရပါတယ်။

တစ်ကယ်ဆိုရင် အာဏာသိမ်းဒုခေါင်းဆောင်ဟာ ဧပြီလ ၃ ရက်က ဗထူးတပ်နယ်က ဗိုလ်သင်ကျောင်းဆင်းပွဲကို တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာ လူမြင်ကွင်းကနေပျောက်နေတာပါ။ဒါ​ကြောင့် အဲဒီ​နေ့​​နောက်ပိုင်း​ရေတွက်မယ်ဆို လူမြင်ကွင်းက​ပျောက်​နေတဲ့ရက်​ပေါင်း ၂၀ ရှိပြီဖြစ်ပါတယ် ။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ရက်အကြာဆုံး လူမြင်ကွင်းက ​ပျောက်​နေတာလည်းဖြစ်ပါတယ် ။

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

အာဏာသိမ်းစစ်​ခေါင်း​ဆောင်ဟာလည်း ဧပြီ ၄ ရက်​နေ့မှာ ​နေပြည်​တော်က သူ့အိမ်ကို ရှာထူးဝေါ်နည်းပညာသုံးကာမီကာ​​ဇေ ဆူဆိုက်ဒရုန်း​တွေနဲ့ တိုက်ခိုက်ခံခဲ့ရသလို ဧပြီ ၁၄ ရက်တွင်လည်း ပြင်ဦးလွင်၌ရှိစဥ် ​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံခဲ့ရပြီး လွတ်​မြောက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။