Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်ပြည်သူများအား ဗုံးကြဲတိုက်ခိုက်မှု စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာအရေးယူတုံ့ပြန်မည်ဟု ချင်းပြည်အစိုးရ ကြေညာ

ဧပြီ ၂၅ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၅ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် ယခုကဲ့သို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်မီးလောင် ပြာကျသွားသည့် ဝမ္မသူးဆေးရုံ မြင်ကွင်း။ဓာတ်ပုံ - Salai Naing Hung)
(စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်မီးလောင် ပြာကျသွားသည့် ဝမ္မသူးဆေးရုံ မြင်ကွင်း။ဓာတ်ပုံ - Salai Naing Hung)

ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူလူထုအပေါ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားစေရန် အကြမ်း ဖက်စစ်ကောင်စီအပါအဝင် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်သည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းကိုမဆို ချင်းပြည်(Chinland)အစိုးရအနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူတုံ့ပြန်သွား မည်ဖြစ်ကြောင်း ချင်းပြည်အစိုးရက သတိပေးထုတ်ပြန်သည်။

ဧပြီ ၂၅ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၅ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် ယခုကဲ့သို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်၊ ဝမ္မသူးပြည်သူ့ဆေးရုံနှင့် အပြစ်မဲ့ပြည်သူ များထိခိုက်သေဆုံးမှုဖြစ်စဉ်အပေါ် အလွန်ဝမ်းနည်းမိပါကြောင်း၊ ချင်းပြည်(Chinland)အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးကူညီပေးသွားမည်ဖြစ် ကြောင်း အသိပေးသည်။

စစ်ကောင်စီမှ ထိုသို့လေကြောင်းဖြင့် အပြစ်မဲ့မင်းတပ်ပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ လူသားမဆန်စွာ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ချင်းပြည်၏ ပြည်သူ့အသက်အိုးအိမ်လုံခြုံမှုကို နေ့စဉ်ခြိမ်းခြောက်နေပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့် ဆက်လက်ကျူးလွန် နေကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်သည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ကလည်း စစ်ကောင်စီ၏ ယခုကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ရပ်ကြောင့် စစ်ကောင်စီအပေါ် ပိုမိုနာကျည်းကာ အာဏာရှင် ပြုတ်ကျရေး တော်လှန်ရေး၌ အားပိုစိုက်ထုတ် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

” အခုအချိန် အမြဲတမ်း သတိရှိရမယ်။ ဘာဖြစ်လို့လည်း ဆိုရင် ရန်သူကတော့ ရန်သူ ပီသတယ်။ ရက်ရက်စက်စက် လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်နေတာ အခုမှ မဟုတ်ဘူးဆိုတော့ သူက (စစ်ကောင်စီ)တော့ အဲဒီလို မလုပ်လောက်ပါဘူးလို့ မတွေးဘဲ ဘယ်နေရာမဆို လုပ်နိုင်တယ်ဆိုတာ သတိဝိရိယ ပိုထားဖို့လိုမယ်။ ပိုပူးပေါင်းပါဝင်လာဖို့လိုတယ်” ဟုလည်း ဆလိုင်းဟာအွမ်က လေကြောင်း အပါအဝင် စစ်ကောင်စီ၏ တိုက်ခိုက်မှုလာနိုင်မှုများအား သတိထားရန် သတိပေးသည်။

(စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်မီးလောင် ပြာကျသွားသည့် ဝမ္မသူးဆေးရုံ မြင်ကွင်း။ဓာတ်ပုံ – Salai Naing Hung)

ဆက်စပ်သတင်းများ

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။