Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုံးဝယိုင်နဲ့နေပြီး အဆုံးသတ်ပြိုလဲရန်သာ ကျန်တော့၍​တော်လှန်​ရေးအင်အားစုများနှင့်အတူပြည်သူများ အရှိန်အဟုန်မြှင့်ဆက်လက်တိုက်ပွဲဝင်သွားရန် NUG တိုက်တွန်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော

▪︎NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက တနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားဟု ကြေညာ

သော်မွန်/People’s Spring

လက်ရှိတွင် စစ်ကောင်စီသည် လုံးဝယိုင်နဲ့နေပြီး အဆုံးသတ်ပြိုလဲရန်သာ ကျန်တော့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ အရှိန်အဟုန်မြှင့်ကာ ဆက်လက်တိုက်ပွဲဝင်သွားရန် ပြည်သူလူထုတရပ်လုံးအား NUG က ယနေ့(ဧပြီ ၃၀ ရက်)တိုက်တွန်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဟာ မြေပြင်ပေါ်မှာ အောင်ပွဲတစ်ခုပြီးတစ်ခု ရရှိနေသလို၊ အကြမ်းဖက်စစ်တပ်က တစ်ဖက်မှာ ပြိုကွဲနေပြီ၊ သူတို့ အဆုံးသတ်ခါနီးအခြေအနေမျိုးကို ဆိုက်ရောက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူလူထုအပေါ်မှာ ရည်ရွယ်ရှိရှိတိုက်ခိုက်တာတွေ သူတို့ ပိိုမိုပြီးတော့ သူတို့ ရှုံးမဲ မဲတာ ပိုမိုလုပ်ကိုင်လာတာ တွေ့ရပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိိသူ ဦးကျော်ဇောက ယနေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

Public Service Announcement

Public Service Announcement

NUG သည် ဖြတ်သန်းခဲ့ပြီးသော ၃နှစ်တာကာလ၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာများရယူကာ ပြည်သူလူထုလိုလားတောင့်တနေသော တော်လှန်ရေးကို အောင်ပွဲနှင့်အတူ အပြီးပြတ် အဆုံးသတ်နိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများ အားလုံးနှင့် လက်တွဲကာ ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ကြေညာချက်၌ ကတိပြုဖော်ပြသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်

စစ်ရေးကဏ္ဍနှင့်ပတ်သက်၍ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ (၅) မြို့အပါအဝင် မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ကပစလက်နက်ထုတ်စက်ရုံများ စသည်တို့ကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

“အဓိကအားဖြင့် နယ်မြေတွေ ပြောရင် ၃ မျိုးပြောတာပေါ့။ စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေ၊ လွတ်မြောက်နယ်မြေရယ် အခု ၆၀ ရာခိုင်နှုန်းကျော်ဆိုတာ ဒီသုံးမျိုးစလုံးကို ခြုံငုံပြီးတော့ ၆၀ ရာခိုင်နှုန်းကျော်တယ်ဆိုပြီိးတော့ ပြောတာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကြေညာချက်ထဲမှာ ထည့်ထားတာ NUG တစ်ခုတည်းမဟုတ်ပါဘူး။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့စိုးမိုးထိန်းချုပ်နယ်မြေဆိုပြီး သုံးထားတာဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရှင်းလင်းသည်။

အနာဂတ်ဖက်ဒရယ်တပ်မတော်၏ အမြုတေအဖြစ် စတင် တည်ထောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် (၃) နှစ်တာကာလအတွင်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင်၊ တိုက်ပွဲဝင်ခဲ့ရာမှ လက်ရှိကာလတွင် မဟာဗျူဟာမြောက် ထိုးစစ်များကို စတင်ဖော်ဆောင်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီဟု ဆိုသည်။ စစ်ရေးမဟာဗျူဟာများကို ပူးပေါင်းခင်းကျင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်း

သားမဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၊ (J2C) စသည့် ကော်မတီများဖွဲ့စည်းကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

ထို့အပြင် နိုင်ငံရေးကဏ္ဍအနေဖြင့် တော်လှန်ရေးအောင်မြင်ရန် အင်အားစုများ အားလုံးအကြား စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်များ ပိုမိုအားကောင်းခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” တရပ်ထုတ်ပြန်ကာ တော်လှန်ရေးအင်အားစုများ၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ပြည်သူသို့ အသိပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ ရှေ့မှာ ပြောကြားခဲ့သလို မိတ်ဖက်တိုင်းရင်းသားတော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေနဲ့ ဘုံသဘောတူညီချက်တွေ ရရှိ၊ ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဘုံသဘောတူညီချက်ဟာ အထောက််အထားတစ်ခုဖြစ်ပါတယ်။ ရရှိထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်

အထည်ဖော်ဖို့အတွက်၊​ အကောင်အထည်ဖော်ဖို့ ယန္တရားတွေကို ကျွန်တော်တို့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်တွေက အတူတကွ လက််တွဲတည်ဆောက်နေကြတယ်ဆိုတာလည်း တင်ပြပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ဆိုသည်။

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးသည်ပြည်သူလူထုထံမှ ပေါက်ဖွားလာသည့်၊ ပြည်သူလူထုကို အခြေခံသည့် တော်လှန်ရေး(Organic Revolution)ဖြစ်ပြီး ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက သွေးခွဲရန် ကြိုးစားနေမှုများကို ပြည်သူလူထုတရပ်လုံးအထူးသတိထားဂရုစိုက်ရန် ၎င်းက ပြောသည်။

“ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ် တည်ထောင်ရေး လူမျိုးစုံ၊ လူထုတရပ်လုံးရဲ့အကျိုးစီးပွား၊ လွတ်လပ်တရားမျှတတဲ့ လူ့အသိုင်းအဝိုင်းတည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး ဒီထက်ပိုပြီးတော့ ပိုမိုညီညွတ်စွာဖြင့် အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင် တိုက်ပွဲဝင်အောင်ပွဲခံဖို့အတွက် တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ဆက်ပြောသည်။

(NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော နှင့် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်)

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။