Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်-တွင်းငယ်လမ်းကို နံနက် ၆ မှ ည​နေ ၆ နာရီအတွင်းသာအသုံးပြုရန် ABSDF ထုတ်ပြန်

မြို့ခံများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ ဒေသခံအချို့သည် မြို့သို့ပြန်လာနေကြပြီဖြစ်သော်လည်း အများစုသည် စစ်ကောင်စီ၏ရန်ကိုကြောက်လှမ်း၍ ပြန်မလာရဲကြပေ။

(မိုးမိတ်-တွင်းငယ် လမ်းကို Google Map တွင်​တွေ့ရမှု)
(မိုးမိတ်-တွင်းငယ် လမ်းကို Google Map တွင်​တွေ့ရမှု)

ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်ကစစ်အင်အားတိုးချဲ့နေ​သော​ကြောင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF ) ကမိုးမိတ် – တွင်းငယ် လမ်းမကြီးအသုံးပြုခွင့်အချိန်ကိုကန့်သတ်လိုက်သည်။

မိုးမိတ် – တွင်းငယ်လမ်းမသည် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နှင့်မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ချိတ်ဆက်ထားသည့် လမ်းပိုင်းဖြစ်ပြီး နံနက် (၆) နာရီ မှ ညနေ (၆) နာရီ အထိသာ ဖြတ်သန်းသွားလာရန် နှင့် မဖြစ်မနေသွားရမည်ဆိုပါက သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူများထံ သတင်းပေးပို့ရန် ABSDF က အသိပေးထားသည်။

ကုန်တင်ကားများ၊ လိုင်းကားများနှင့်အိမ်စီးကားများအနေဖြင့် မိုးကာဖုံးအုပ်၍မောင်းနှင်ခြင်း၊ မှန်ပိတ်မောင်းနှင်ခြင်းများနှင့် အရှိန်ပြင်းစွာမောင်းနှင်ခြင်းများမပြုလုပ်ရန်၊ လုံခြုံရေးအရတားဆီး၍ စစ်ဆေးမေးမြန်းမှုများကို ကြည်ဖြူစွာ လက်ခံရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

လိုက်နာဆောင်ရွက်မှု မရှိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးဝတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ABSDFက အသိပေးထုတ်ပြန်ထားသည်။

” တွင်းငယ်လမ်းက မိုးမိတ်ကနေ သပိတ်ကျင်းလည်း သွားလို့ရသလို မန္တလေးအထိလည်း သွားလို့ရပြီးတော့ စစ်ကောင်စီက ဒီလမ်းကိုအသုံးပြုပြီး အင်အားတိုးနေတာတွေ့တယ်။ အဓိကက အရပ်သားလုံခြုံရေးပဲ” ဟု မိုးမိတ်မြို့မှ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် နည်းမျိုးစုံသုံး၍ ABSDF အမှတ်(၂) စစ်ကြောင်း လှုပ်ရှားနယ်မြေများကို ဖြတ်သန်းသွားလာခြင်း၊ စစ်အင်အားပေးပို့ခြင်းများ နှင့် လက်နက်ခဲယမ်း၊ ရိက္ခာပို့ဆောင်ခြင်းများကို အရပ်သားပြည်သူများအသွင်ဆောင်၍လည်းကောင်း၊ ပြည်သူပိုင် နှင့် ပရဟိတအသင်းပိုင် မော်တော်ယာဉ်များကို အသုံးပြု၍လည်းကောင်း ဖြတ်သန်းသွားလာရန် ကြိုးစားလျက် ရှိနေကြောင်းလည်းအသိပေးထားသည်။လမ်းအသုံးပြုခွင့်အချိန်အားကန့်သတ်ခြင်းသည်အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရန်နှင့် စစ်ကောင်စီတပ်များကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နိုင်ရန် ထုတ်ပြန်ခြင်းဟုရှင်းလင်းအသိပေးထားသည်။

ယင်းလမ်းပိုင်းနှင့် ဆက်စပ်နေသည့် သပိတ်ကျင်းမြို့နယ်တွင် မတ်လ ၅ရက်မှ ၇ရက်အထိ သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ အလောင်း ၁၄ လောင်း၊ လက်နက်ငယ် ၁၈ လက်နှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁)စစ်ဒေသကမတ်လ ၁၂ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ သုံးရက်ဆက်ဖြစ်ပွားသောတိုက်ပွဲ၌ သေဆုံး၊ဒဏ်ရာရသည့် အရာရှိများကို လေကြောင်းပစ်ကူသုံး၍ စစ်ကောင်စီကပြန်လည်ဆွဲယူသွားသော်လည်း စစ်ကောင်စီဘက်၌ ၁၄ဦးသေဆုံးသည့်အပြင် လေးဦးကိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့သည်။

မိုးမိတ်မြို့မှ စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ABSDF ၊PDF နှင့် ပူးပေါင်းတပ်ဖွဲ့များကဇန်နဝါရီလတွင် တိုက်ခိုက်ခဲ့သော်လည်း ဒေသတွင်းစစ်ရေးနှင့်နိုင်ငံရေးအခြေအနေများကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်။ တိုက်ပွဲအတွင်း မြို့ပေါ်ရပ်ကွက်များအား စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြားပျက်စီးခဲ့သည်။ ထို့နောက် စစ်ကောင်စီက ပြန်လည်တပ်စွဲကာ အရပ်သားများအားပစ်ခတ်သတ်ဖြတ်မှုများ၊ နေအိမ်များအားဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများကပြောသည်။

မြို့ခံများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ ဒေသခံအချို့သည် မြို့သို့ပြန်လာနေကြပြီဖြစ်သော်လည်း အများစုသည် စစ်ကောင်စီ၏ရန်ကိုကြောက်လှမ်း၍ ပြန်မလာရဲကြပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ စစ်လက်နက်အသုံး အဆောင် ပစ္စည်းများနှင့် လူအင်အား အများအပြားဖြည့်တင်းနေပြီး ဒေသခံပြည်သူများကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေကြောင်း တအာင်းတပ်မတော်(TNLA)ကလည်း ဧပြီ ၂၉ ရက်တွင်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

ဒီဇင်ဘာ ၁၃ ရက် ည‌နေပိုင်းအထိ မော်လူးမြို့နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (မြောက်ပိုင်း)တာဝန်ရှိသူတစ်ဦးထံ People's Spring ကဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းကို ABSDFနှင့် ဒေသခံ PDFများ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းကြောင့် တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံရဲများသည် နိုဝင်ဘာလ ၄ ရက်နေ့ တွင် ၎င်းတို့ စခန်းကို စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်သည်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဂန့်ဂေါခရိုင်တပ်ရင်း ၆ ရင်း၊ ABSDF နှင့်​ဒေသခံရပ်ကျေးပကဖတို့က ယနေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

သတင်း

စစ်အာဏာရှင်များက လေသံပစ်နေသည့် ရွေးကောက်ပွဲ၊ စစ်အာဏာရှင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးစကားပြောပွဲများကို အယုံအကြည်မရှိဟုလည်း ၎င်းကဆိုသည်။