Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားများနှင့်လက်နက်များသယ်ယူရာတွင် တရုတ်အစိုးရပိုင် Sinotruk ကုမ္ပဏီယာဥ်များ အသုံးပြု

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

(ဂျာမန်ကုမ္ပဏီ Traton SE ရင်းနှီးမြှပ်နှံထားသည့် တရုတ်အစိုးရပိုင် Sinotruk ၏ ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - JFM)
(ဂျာမန်ကုမ္ပဏီ Traton SE ရင်းနှီးမြှပ်နှံထားသည့် တရုတ်အစိုးရပိုင် Sinotruk ၏ ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - JFM)

စောနွေဦး/People’s Spring

စစ်ကောင်စီတပ်သားများနှင့် လက်နက်များသယ်ယူပို့ဆောင်ရာတွင် ဂျာမန်ကုမ္ပဏီ Traton SE ရင်းနှီးမြှပ်နှံထားသည့် တရုတ်အစိုးရပိုင် Sinotrukက ပံ့ပိုးကူညီနေကြောင်း Justice For Myanmar-JFMက အသိပေးထုတ်ပြန်သည်။

အဆိုပါကုမ္ပဏီက ပံ့ပိုးကူညီမှုကို စစ်ကောင်စီက ရယူပြီး မြန်မာပြည်သူများအပေါ် ဖိနှိပ်အကြမ်းဖက်မှုလုပ်ဆောင်ရန် နိုင်ငံတဝန်း စစ်ကောင်စီတပ်သားများနှင့် လက်နက်များသယ်ယူပို့ဆောင်မှုကို အဆိုပါ စစ်သုံးထရပ်ကားများအပေါ် မှီခိုရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် Sinotrukက စစ်ကောင်စီနှင့် စီးပွားရေးလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် စစ်ကောင်စီထံ ထရပ်ကားများ ရောင်းချခဲ့ခြင်းမဖြစ်ကြောင်းလည်း ငြင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

“လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း အားလုံး ရပ်ဆိုင်းထားပြီး ဖြစ်ပါသည်”ဟု Sinotruk က ဆိုသည်။

သို့သော် လက်ရှိရရှိထားသော အချက်အလက်များအရ Sinotrukထုတ် ယာဥ်များကို စစ်ကောင်စီ၏ စစ်ဆင်ရေးတွင် တွင်ကျယ်စွာအသုံးပြုနေ၍ ကုမ္ပဏီအနေဖြင့် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ဆောင်နေမှုကို ရပ်တန့်သင့်သည်ဟု JFMက အသိပေးသည်။

ထိုသို့မလုပ်ဆောင်ပါက စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေခြင်းအပေါ် တာဝန်ခံရမည်ဟုလည်း JFMက ဆိုသည်။

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်ရက်ဆက် ပြင်းထန်စွာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ၂၀၂၂ မေလက ကရင်နီပြည်နယ်တွင် စစ်ကောင်စီ ယာဉ်တန်းအား တော်လှန်ရေးရဲဘော်များက တိုက်ခိုက်မှုတွင် Sinotruk စစ်သုံးယာဉ်လေးစီးကို သိမ်းဆည်းရရှိပြီး အဆိုပါယာဥ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမောက်မြို့အနီးရှိ ခမရ(၄၃၇)တပ်ရင်းကို KIAက မေလ ၉ရက်ကတည်းက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေသကဲ့သို့ မံစီ၌ ကျန်နေသည့် ခမရ(၆၀၁)တပ်ရင်းနှင့် ခမရ(၃၁၉) တပ်ရင်းတို့အား ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အောင်ဇေယျ စစ်ဆင်ရေးရဲ့ ကံကြမ္မာဟာ အဲဒီလို နောက်ဆုံးရလဒ်တွေကို ပုံဖော်တဲ့ နေရာမှာ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိလာနိုင်တာ အမှန်ပါပဲ။

သတင်း

အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေးခေါင်းဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

စိတ်ဓာတ်ပိုင်းက အောက်စည်းရောက်နေတဲ့အပြင် စစ်ကောင်စီ တပ်တွေဟာ တပ်သားတွေ၊ သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီး ယူနစ်တွေနဲ့ လေတပ် ပစ်ကူတို့ကို ချိန်သားကိုက် ပူးပေါင်းပြီး ရွေ့လျားစစ်ဆင် ချီတက်ရတဲ့ အခြေအနေမှာ အတွေ့အကြုံ နည်းလွန်းတဲ့ ဟာကွက်ကြီး တစ်ခုလည်း ရှိနေပြန်ပါတယ်။