Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ၍ ​ရှောင်ကျဥ်ရန်များကိုဝါရင့်တော်လှန်ရေး​ခေါင်း​ဆောင်အချို့အကြံပြု

အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေးခေါင်းဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာစာသင်ကျောင်းအား စစ်​ကောင်စီတပ်က ​မေ ၁၁ ရက်တွင်လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၇ ဦး​သေဆုံး ခဲ့​​သောဖြစ်ရပ်အပြီးအပျက်အစီးများ
ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာစာသင်ကျောင်းအား စစ်​ကောင်စီတပ်က ​မေ ၁၁ ရက်တွင်လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၇ ဦး​သေဆုံး ခဲ့​​သောဖြစ်ရပ်အပြီးအပျက်အစီးများ

စောနွေဦး/People’s Spring

စစ်ကောင်စီတပ်က ယခုရက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများပို၍ပြုလုပ်လာ​သော​ကြောင့် တော်လှန်ရေးအဖွဲ့များ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းစသည့် တည်နေရာအလွယ်တကူရှာဖွေနိုင်သည့် အများပြည်သူသုံးနေရာများတွင် အစည်းအဝေးပြုခြင်းနှင့်အထိုင်ချခြင်းများမပြုရန် ဝါရင့်တော်လှန်ရေး​ခေါင်း​​ဆောင်များကသတိ​ပေးသည်။

အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေးခေါင်းဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“စစ်ကောင်စီသတင်းပေးဆိုတာ GPSလို နေရာအတိအကျမပေးနိုင်ဘူး။သူတို့ပြောနိုင်တာက ရွာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ဘောလုံးကွင်း ဒါမျိုးပဲပြောနိုင်တာပါ။ ဒီနေရာတွေက စစ်ကောင်စီမှာ နေရာအတည်အကျရှိပြီးသားမို့ အလွယ်တကူ လေကြောင်းက ဗုံးကျဲတိုက်ခိုက်နိုင်တယ်” ဟုဝါရင့်တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်၊အကြည်ပန်းမလွန်းကျေးရွာရှိဘုန်းကြီးကျောင်း၌ ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်အပြီးအပျက်အစီးများ
ဆောမြို့နယ်၊အကြည်ပန်းမလွန်းကျေးရွာရှိဘုန်းကြီးကျောင်း၌ ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်အပြီးအပျက်အစီးများ

အဆိုပါနေရာများ၏ တည်နေရာလိပ်စာများသည် စစ်ကောင်စီထိန်းချုပ်ထားသည့် ဌာနဆိုင်ရာများတွင် GPS (နေရာအတိအကျ) ရှိသည်ဟုလည်း တော်လှန်သမားများကဆိုသည်။

“စစ်ကောင်စီက အခုတလောဗုံးကျဲရင် Public Area (အများပြည်သူသုံးနေရာ)တွေကိုပဲ ကျဲတာများတယ်။ အဲ့လိုကျဲလိုက်ရင်လည်း အစုအလိုက်အပြုံလိုက် ကျဆုံးတာတွေရှိတယ်။ ဒါတွေကို တော်လှန်ရေးသမားတွေ ဂရုစိုက်စေချင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ရင်းမှူးတစ်ဦးကပြောသည်။

မိုးဦးကာလအတွင်း စစ်ကောင်စီက ရခိုင်၊ချင်း၊ကချင် ၊ကရင်နီ ၊ကရင်ပြည်နယ်တို့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်မှုများယခုရက်ပိုင်းပို၍ပြုလုပ်လာကြောင်းလည်း ကာကွယ်ရေးတပ်များထံမှသိရည်။

“ကျင်းဒွေးတိုက်ပွဲနဲ့ တိုက်ပွဲအပြီးမှာ မကွေးတိုင်းအနောက်ဘက်ခြမ်းကို စစ်ကောင်စီက နေ့တိုင်းကြားနေရတယ်။ တချို့နေရာတွေမှာ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာရှိတယ်”ဟု မကွေးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊အကြည်ပန်းမလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်သဖြင့်​ဒေသခံပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။ ထိုအပြင်ထို့အပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူတစ်ဦးထပ်မံသေဆုံးပြီး သေဆုံးသူ ၇ ဦးဒဏ်ရှိရှိခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ နှစ်ကုန်အထိလေကြောင်းတိုက်ခိုက်မှု ၆၀၀ ခန့်ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းတိုက်ခိုက်မှုကို အကြိမ်ပေါင်း ၁၅၀ခန့်ပြုလုပ်ခဲ့သည်။

(ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာစာသင်ကျောင်းအား စစ်​ကောင်စီတပ်က ​မေ ၁၁ ရက်တွင်လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၇ ဦး​သေဆုံး ခဲ့​​သောဖြစ်ရပ်အပြီးအပျက်အစီးများ/ဆောမြို့နယ်၊အကြည်ပန်းမလွန်းကျေးရွာရှိဘုန်းကြီးကျောင်း၌ ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်အပြီးအပျက်အစီးများ။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ဂျာမန်ကုမ္ပဏီ Traton SE၏ လက်အောက်ခံကုမ္ပဏီ MAN SEသည် Sinotruk ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Sinotruk (Hongkong)တွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

ဘာသာပြန် ဆောင်းပါး

စိတ်ဓာတ်ပိုင်းက အောက်စည်းရောက်နေတဲ့အပြင် စစ်ကောင်စီ တပ်တွေဟာ တပ်သားတွေ၊ သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီး ယူနစ်တွေနဲ့ လေတပ် ပစ်ကူတို့ကို ချိန်သားကိုက် ပူးပေါင်းပြီး ရွေ့လျားစစ်ဆင် ချီတက်ရတဲ့ အခြေအနေမှာ အတွေ့အကြုံ နည်းလွန်းတဲ့ ဟာကွက်ကြီး တစ်ခုလည်း ရှိနေပြန်ပါတယ်။

သတင်း

စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ခုနစ်လုံးပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် အဝန်းကြီးရွာအတွင်း ၅လုံး ၊ ကျေးရွာဘေးတွင် နှစ်လုံး ပေါက်ကွဲခဲ့ပြီး အဝန်းကြီးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု KNU သထုံခရိုင် အတွင်းရေးမှူးက ပြောသည်။

သတင်း

စစ်အုပ်စုဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်ကို ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းသို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။