Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ပံတန်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၊ ကိုးဦးဒဏ်ရာရ

လက်ပံတန်းမြို့သည် ဧရာဝတီတိုင်း၊ ဟင်္သာ တမြို့နှင့် ဧရာဝတီမြစ်ခြားလျက်တည်ရှိပြီး စစ်ကောင်စီသည် ဟင်္သာတမြို့မြို့နယ်ဘယ်ခြမ်းမှလည်း အင်အားတိုးထားကြောင်း သတင်းရရှိသည်။

(သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) လက်အောက်ခံ တပ်ခွဲတစ်ခုမှရဲဘော်အချို့အား မြေပြင်ကွင်းဆင်းခရီးစဥ်တစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) လက်အောက်ခံ တပ်ခွဲတစ်ခုမှရဲဘော်အချို့အား မြေပြင်ကွင်းဆင်းခရီးစဥ်တစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

▪️စစ်တပ်က ပြည်သူ ၃၀ကျော်ကို ဓားစာခံဖမ်းဆီးထားပြီး တစ်ဦးကို ပစ်သတ်

ဆလိုင်းမာန်အောင်၊ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ (၂ )က ထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာထိပ်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) နှင့် တပ်ခွဲ (၃)ရဲဘော်များက ယမန်နေ့ (မေလ ၁၃ရက်) နံနက် ၇နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့ ပစ်ခတ်သည့် ၄၀ မမကျည်များ စစ်‌ကောင်စီတပ်၏ ရှေ့ကင်းပွိုင့်အတွင်း ကျရောက်ပေါက်ကွဲသဖြင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၊ သုံးဦးပြင်းထန်ဒဏ်ရာရကာခြောက်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ရှေ့ဆုံးက ကြိုပွိုင့်ကင်းထောက် စကစအုပ်ထဲကို ကျွန်တော်တို့ပစ်ခတ်တဲ့ ၄၀ မမကျည်တွေ ကွက်တိကျပြီးကွဲလို့ စကစ ၁၀ ကောင်ထိတာ။ ကားနဲ့တင်သွားကြတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ဒဏ်ရာရစစ်ကောင်စီတပ်သားများအနက်မှ တစ်ဦးမှာ ကားဖြင့်သယ်ဆောင်သွားစဥ် လမ်း၌သေဆုံးခြင်းဖြစ်ပြီး ပြင်းထန်ဒဏ်ရာရသူသုံးဦးမှာလည်း ထပ်မံသေဆုံးနိုင်​ခြေရှိသော်လည်း အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပွဲက နာရီဝက်ခန့်အထိ ကြာသွားတယ်လို့သိရတယ်။ အရင်ရက်ကလည်း တိုက်ပွဲဖြစ်သေးတယ်။အခုအချိန်မှာတော့ စစ်ရေးသတင်းကိုနားစွင့်နေရတယ်”ဟု လက်ပံတန်းမြို့ခံတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အင် အား ၁၀၀ခန့်သည် ရွာငံကျေးရွာအတွင်း ဝင် ရောက်တပ်စွဲလျှက်ရှိရာ ဒေသခံပြည်သူအများစု ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ပြေးလွှားနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဖမ်းဆီးခဲရသူများအနက်မှ ဦးဝင်းချိုဦးဆိုသူကို စစ်တပ်က ယနေ့(မေ ၁၄)တွင် ပစ်သတ်ခဲ့ကြောင်း တပ်ရင်း (၃၈၀၂)ထံမှ သိရသည်။

“ခုမနက်(မေ ၁၄)အဲ့ရွာထဲမှာ ပုန်းနေတဲ့ ကိုဝင်းချိုဦးကို စကစတွေတွေ့ပြီး သတ်ဖြတ်သွားတာ ခုထိအလောင်းကောက်သူမရှိသေးဘူး”ဟု တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူက ပြောသည်။

မေလ ၈ရက် နံနက်ကလည်း လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာစစ်ကောင်စီဂိတ်ကို သာယာဝတီခရိုင် အမှတ် (၂)တပ်ရင်း၏ တပ်ခွဲ (၂၊၃၊၆) ၊ MBDF (မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့) နှင့် သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း -Myanmar Defense Force တို့ ပူပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့သည်။

လတ်တလောတွင် လက်ပံတန်းမြို့နယ်အ တွင်း စစ်ရေးတိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပေါ်လျှက်ရှိရာ ယမန်နေ့(မေ ၁၃)က တိုက်ခိုက်မှုဖြစ်ပွားခဲ့သော ရွာငံကျေးရွာအပါအဝင် စီတုံး၊ ထန်းတက်၊ ထန်းပင်ချောင်၊ အုတ်ဖိုစု စသည့်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း စုံစမ်းသိရသည်။

လက်ပံတန်းမြို့သည် ဧရာဝတီတိုင်း၊ ဟင်္သာ တမြို့နှင့် ဧရာဝတီမြစ်ခြားလျက်တည်ရှိပြီး စစ်ကောင်စီသည် ဟင်္သာတမြို့မြို့နယ်ဘယ်ခြမ်းမှလည်း အင်အားတိုးထားကြောင်း သတင်းရရှိသည်။

သို့ဖြစ်ရာ စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက် လက်ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် အနီးကပ်သွားလာနေထိုင်ခြင်းများ လုံးဝမပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ (၂ )က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

သတင်း

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။

သတင်း

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်းနှင့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကိုမေလ ၉ရက်တွင် နံနက် ၆နာရီမှစ၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ ယခုနှစ်မတ်လ ၂၁ရက်နေ့အထိ အရပ်သား ပြည်သူ ၁၇၉ ဦးသေဆုံးကာ ၄၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။