Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

TNLA နယ်မြေရှိ Non CDMဝန်ထမ်းများအားလုံး၏လုပ်ငန်းတာဝန်များ ရပ်ဆိုင်းကြောင်း ကြေညာ

တစ်ဖက်တွင်လည်း TNLAသည် စစ်ကောင်စီကို ဆန့်ကျင်သည့် CDM ဝန်ထမ်းများအပါအဝင် ပြည်သူလူထုများ အနေဖြင့် TNLAက ဦးစီးဖော်ဆောင်နေသည့် တအာင်းဒေသအုပ်ချုပ်ရေးပိုင်း၌ လူသားအရင်းမြစ်နှင့် နည်းပညာများ ပါဝင်နိုင်ကြောင်း အသိပေးထားသည်။

(တအာင်းတပ်မတော်(TNLA)မှ ထိပ်ပိုင်းခေါင်းဆောင်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)
(တအာင်းတပ်မတော်(TNLA)မှ ထိပ်ပိုင်းခေါင်းဆောင်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)

ပြစ်မှုကျူးလွန်သည်ဟုသံသယရှိသည့် Non CDMများကို အရေးယူသွားမည်ဟု အသိပေး

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအားလုံး၏ လုပ်ငန်းတာဝန်များအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း TNLAက ယနေ့(မေလ ၁၅ရက်)တွင် ထုတ်ပြန်ကြေညာသည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ စစ်အုပ်စု၏ လက်အောက်တွင် လုပ်ငန်း တာဝန်ထမ်းဆောင်ခဲ့သည့် Non CDM ဝန်မ်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်မည့် ထုတ်ပြန်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များအပါအဝင် တအာင်းပြည်အတွင်း စစ်ကောင်စီ စစ်အုပ်စုလက်အောက်တွင် ပုံစံအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Non CDM ဝန်ထမ်းများ အားလုံးသည် လက်ရှိအချိန်ကာလတွင် မည်သည့် တာဝန်မျှ မရှိတော့ဘဲ ၎င်းတို့၏ လုပ်ငန်းတာဝန်များအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အသိပေး ထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non CDM ဝန်ထမ်းများကို အပြစ်ပေး အရေးယူနိုင်ရန် အတွက် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်သည့် စီမံချက်အရ အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်သည်။

တအာင်းပြည်အတွင်းဆက်လက်နေထိုင်နေသည့် Non CDMဝန်ထမ်းများသည် စစ်ကောင်စီ စစ်အုပ်စုထံမှ လစာ၊ ငွေကြေးထုတ်ယူခြင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်း အစီရင်ခံစာများ ပေးပို့ခြင်းစသည့် ပူးပေါင်းဆောင်ရွက်မှုများတွေ့ရှိပါက အပြစ်ပေးအရေးယူသွားမည်ဟုလည်း TNLA၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

တစ်ဖက်တွင်လည်း TNLAသည် စစ်ကောင်စီကို ဆန့်ကျင်သည့် CDM ဝန်ထမ်းများအပါအဝင် ပြည်သူလူထုများ အနေဖြင့် TNLAက ဦးစီးဖော်ဆောင်နေသည့် တအာင်းဒေသအုပ်ချုပ်ရေးပိုင်း၌ လူသားအရင်းမြစ်နှင့် နည်းပညာများ ပါဝင်နိုင်ကြောင်း အသိပေးထားသည်။

TNLAသည် ၂၀၂၃ အောက်တိုဘာက ၎င်း၏ မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ကြီးငယ် ၈၀ကျော်နှင့် မြို့ ၇မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေစပ်မှုဖြင့် TNLA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့သည် စစ်ကောင်စီနှင့် ရှမ်းမြောက်ဒေသ အပစ်ရပ်စဲရေးကို ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။