Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတမြို့တွင် စစ်ကောင်စီအား တစ်ပတ်အတွင်း နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်

မေလ ၅ရက်ညကလည်း ဟင်္သာတမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ တပ်ကြပ်ကြီး‌ အောင်ထက်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

(ဟင်္သာတမြို့ရှိ မီးရထားဘူတာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဟင်္သာတမြို့ရှိ မီးရထားဘူတာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဟင်္သာတမြို့၊ မီးရထားတိုင်း(၉)ရုံးအနီးရှိ စစ်ကောင်စီတပ်သားများအား ပစ်မှတ်ထား၍ တစ်ပတ်အတွင်း နှစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးအနီးတွင် ယမန်နေ့ (မေလ ၁၈ရက်) ညနေက ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။ ယင်းနေရာအနီးတွင် မေလ ၁၂ရက် နံနက် ၈နာရီ၄၅မိနစ်ခန့်ကလည်း ဗုံးပေါက်ကွဲခဲ့ရာ တစ်ပတ်အတွင်းနှစ်ကြိမ် ဗုံးပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

“တိုက်ခိုက်မှုတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို တည်ချတာပါ။ မြို့ထဲဆိုတော့ မစ်ရှင်တွေကို တော်တော်လေး သတိထားရပါတယ်။ ပြည်သူတွေလည်း မထိအောင်နဲ့ စစ်အုပ်စုပစ်မှတ်ကိုထိအောင်သေချာလုပ်ရပါတယ်”ဟု ဟင်္သာတမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုနှစ်ကြိမ်စလုံးသည် စစ်အုပ်စုကို ပစ်မှတ်ထားသည်ကို သိရှိကြောင်း မြို့ခံများက ပြောသည်။

‌ယမန်နေ့က ပေါက်ကွဲမှုသည် အလွန်ပြင်းထန်ခဲ့ပြီး ပေါက်ကွဲသံကို မြို့အစွန်ရပ်ကွက်များကပါ ကြားရသည်ဟု မြို့ခံများက ပြောသည်။

Public Service Announcement
Public Service Announcement

မေလ ၁၂ ရက်နံနက်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဒေသခံအချို့နှင့် မီးရထားဝန်ထမ်းအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသလို ယမန်နေ့က တိုက်ခိုက်ခံရမှုအပြီးတွင်လည်း အရပ်သား လေးဦးကို ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအ‌နေကို မသိရသေးပေ။

ဟင်္သာတမြို့အပါအဝင် ဧရာဝတီတိုင်းအတွင်း၌ စစ်ကောင်စီပစ်မှတ်များအား တော်လှန်ရေးအင်အားစုများကတိုက်ခိုက်မှု အရှိန်မြင့်လာသည်။ မေလ ၇ရက်က ကျုံပျော်မြို့အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်ရာ မြို့နယ်ရဲမှူးကျော်မိုးသေဆုံးခဲ့သည်။

မေလ ၆ရက်ညကလည်း ဘိုကလေးမြို့နယ်ရဲစခန်းကို မဟာမိတ်တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

မေလ ၅ရက်ညကလည်း ဟင်္သာတမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ တပ်ကြပ်ကြီး‌ အောင်ထက်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။