Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးတိုက်ပွဲ စစ်ကောင်စီတပ် ၁၇ဦးသေဆုံး

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်းနှင့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကိုမေလ ၉ရက်တွင် နံနက် ၆နာရီမှစ၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

(လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)

ဇော်ရမ်း/People’s Spring

လောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာသုံးခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်းနှင့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကိုမေလ ၉ရက်တွင် နံနက် ၆နာရီမှစ၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

(လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ – LLPDF)

လက်ခတ်တောင်တာဝါတိုင် စခန်းကုန်းကို LLPDFနှင့်အတူ ထားဝယ်ခရိုင် တပ်ရင်း(၁) T1 ၊ Guerrilla Daweiဖယ်ဒရယ်ဓူဝံတပ်ဖွဲ့ တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲပြင်းထန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ရေတပ်စစ်သင်္ဘောပေါ်မှလည်း လက်နက်ကြီးများပစ်ခတ်ခဲ့ပြီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ ၄ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း LLPDFက ထုတ်ပြန် ထားသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးက ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

လောင်းလုံးမြို့နယ်ထွေအုပ်ရုံး နှင့် မြို့မရဲစခန်းကိုလည်း ၆၀ မမ၊၄၀ မမ ဗုံးသီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်းPDF ရဲဘော်များရှိရာသို့ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်နှင့် အနီးကပ် ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“အဲ့ဒီပွဲမှာ နောက်ထပ်လေးယောက်သေတယ်။ စုစုပေါင်း ၁၇ယောက်ထက်မနည်းသေတယ်လို့ အတည်ပြုနိုင်တယ်။ ဒဏ်ရာရတွေများတယ်” ဟု အဆိုပါရဲဘော်က ပြောသည်။

အဆိုပါနီးစပ်တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်၂ဦးကျဆုံးခဲ့ပြီး ၃ဦးဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) တပ်စု ပေါင်းစုံ ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ သရက်ချောင်း(ပကဖ) နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ Student Revolutionary Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

(လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးပူးပေါင်းတပ်အားတွေ့ရစဥ်။ ဓာတ်ပုံ – LLPDF)

မေလ ၉ရက်‌က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန်သည် ၆နာရီအထိကြာခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါတိုက်ပွဲသတင်းကို မေလ ၁၄ရက် ညနက်ပိုင်းမှသာ ထုတ်ပြန်လာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း၌ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအင်အားစုများက ဆက်တိုက် သိမ်းယူနေသည်။ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိစစ်ကောင်စီ၏တပ်စခန်းကို ဧပြီလ ၂၃ ရက်နေ့မှစ၍ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) မှတိုက်ခိုက်ခဲ့ပြီး မေလ ၈ ရက်တွင် သိမ်းယူခဲ့သည်။

သရက်ချောင်းမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်ကျေးရွာ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်ဆည်ကျေးရွာအတွင်းရှိ ပျူစောထီးစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၈ရက်တွင် တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၆ဦးကို အရှင်ဖမ်းမိခဲ့သည်။တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းရှိ ၁၀၂၀ စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ရက် နေ့လယ်၌ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ပဲဒက်စခန်းအား ပြန်ယူနိုင်ရေးအတွက် စစ်ကောင်စီကလည်း ကြည်း‌ ရေ လေအင်အားသုံး၍ တိုက်ခိုက်ရန်ကြိုးစားနေသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်သားများကလည်း နယ်မြေစိုးမိုးရေး၊ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆက်တိုက်လုပ်ဆောင်ခြင်းနှင့် ထားဝယ်ခရိုင်အပါအဝင် တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်ခြင်းတို့ ပြုလုပ်နေပါသဖြင့် ပြည်သူများ စစ်ရေးသတိရှိကြရန်နှင့် လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ထားကြပါရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

သတင်း

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ ယခုနှစ်မတ်လ ၂၁ရက်နေ့အထိ အရပ်သား ပြည်သူ ၁၇၉ ဦးသေဆုံးကာ ၄၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

သတင်း

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဥ်သုံးစီးအနက် တစ်စီးမှာ ထိချက်မှန်ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများ အပြင်းအထန်ဒဏ်ရာရ၍ သေဆုံးမှုလည်းရှိနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။