Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း၌ မိုးကြီးပြီးနောက်ဆက်တွဲ ရေဘေးသတိထားကြရန် NUG ထုတ်ပြန်

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် ကမ်းရိုးတန်းဒေသများ၌ ဇူလိုင်လကုန်အထိ မိုးကြီးနိုင်မည့် သတိပေးချက်ကို MOHADM က ဇူလိုင် ၂၄ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)

ဘင်္ဂလားပင်လယ်အော်တွင် ယခုတစ်ပတ်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ခြင်းနှင့်အတူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း၌ မိုးကြီးပြီးနောက်ဆက်တွဲ ရေဘေးသတိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် ကမ်းရိုးတန်းဒေသများ၌ ဇူလိုင်လကုန်အထိ မိုးကြီးနိုင်မည့် သတိပေးချက်ကို MOHADM က ဇူလိုင် ၂၄ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင် မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ပြီး အိန္ဒိယနိုင်ငံကမ်းရိုးတန်းဘက်သို့ ဦးတည်ရွှေ့လျားနိုင်သည်ဟု MOHADM က ထုတ်ပြန်ထားသည်။

(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ – CJ)

သို့သော် မုန်တိုင်းငယ်၏အရှိန်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုး‌ကြီးနိုင် ကြောင်းသတိပေးထားသည်။

” ဟိုတစ်ပတ်က ရေဘေးကဒေသခံတွေအတွက် တော်တော် ထိခိုက်သွားတယ်။ ကြိုတင်ပြင်ဆင်နိုင်ခြင်းလည်း မရှိခဲ့ဘူး။မိုးဆက်ကြီးမယ်ဆိုရင် မလွယ်ဘူး”ဟု မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်မှ ‌အမျိုးသမီးတစ်ဦးက ပြောသည်။

(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လလယ်က မွန်ပြည်နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်။ ဓာတ်ပုံ – CJ)

လတ်တလော ရာသီဥတုအခြေအနေများကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပြင်ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်အရှေ့ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးအန္တရာယ်များကို အထူးသတိထားပြင်ဆင်နေထိုင်ကြရန် MOHADMက သတိပေးထားသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လလယ်က မိုးကောင်းခဲ့ရာ ရေဘေးကြုံတွေ့ခဲ့ရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံမြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ ‌မော်လမြိုင်မြို့တွင် ရေဘေးကြောင့် ကလေးငယ် သုံးဦး သေဆုံးခဲ့ပြီး ပေါင်မြို့နယ်တွင် ‌အမျိုးသားတစ်ဦး တောင်ကျရေ၌ မျောပါပျောက်ဆုံးခဲ့သည်။