Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအတွက် အထောက်အပံ့တွေ မှန်သမျှကို တားဆီးပေးဖို့ ဂျပန်အစိုးရကို HRW တောင်းဆို

၂၀၂၁ ခုနှစ်၊ မတ်လတုန်းက Myanmar Now သတင်းဌာနက MECပိုင် သံမဏိ လုပ်ငန်းတစ်ခုဟာ ဂျပန်ရဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်မှု စီမံကိန်းအတွက် သံမဏိတွေ ထောက်ပံ့ရာက အကျိုးအမြတ် တော်တော်လေး ရရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

(Yokogawa Bridge ​ကော်ပို​ရေးရှင်း၏ ပဲခူးမြစ်ကူးတံတား​ဆောက်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ-Yokogawa Bridge Myanmar)
(Yokogawa Bridge ​ကော်ပို​ရေးရှင်း၏ ပဲခူးမြစ်ကူးတံတား​ဆောက်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ-Yokogawa Bridge Myanmar)

People’s Spring

ဂျပန် အစိုးရက မြန်မာနိုင်ငံဆီ ပို့ဆောင်တဲ့ ထောက်ပံ့ရေး အစီအစဉ်တွေဟာ အာဏာသိမ်း စစ်ကောင်စီအတွက် အကျိုးရှိနေဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောကြားလိုက်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူ့အစိုးရဟာ မြန်မာနိုင်ငံဆီ အထောက်အပံ့တွေ ပေးပို့ရာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ တလွဲအသုံးချမှုတွေ မခံရအောင် သတိကြီးကြီး စီမံ ကိုင်တွယ်သွားမယ်လို့ ဖေဖော်ဝါရီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ ဂျပန် ဆောက်လုပ်ရေး လုပ်ငန်းစုကြီး Yokogawa Bridge ကော်ပိုရေးရှင်းဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)ဆီ နောက်ထပ် ငွေကြေး ပေးချေမှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကို အခုသီတင်းပတ်မှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လတုန်းက Myanmar Now သတင်းဌာနက MECပိုင် သံမဏိ လုပ်ငန်းတစ်ခုဟာ ဂျပန်ရဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်မှု စီမံကိန်းအတွက် သံမဏိတွေ ထောက်ပံ့ရာက အကျိုးအမြတ် တော်တော်လေး ရရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

HRWက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထိ အတောအတွင်း ရရှိထားတဲ့ ငွေကြေး အလွှဲအပြောင်း မှတ်တမ်းတွေအရ Yokogawa Bridgeဟာ အဲဒီ ပရောဂျက်နဲ့ ဆက်စပ်ပြီး MECအတွက် ဒေါ်လာ ၂ သန်းလောက် ပေးချေခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားတဲ့ အမေရိကန် အစိုးရကလည်း အဲဒီ ငွေကြေးလွှဲပြောင်းမှုတွေကို ချွင်းချက်အဖြစ် လက်ခံပေးခဲ့ပါတယ်။

ဂျပန်ရဲ့ လွှတ်တော် အစည်းအဝေး တစ်ခုမှာတော့ အတိုက်အခံ အမတ်တစ်ဦးက မေးမြန်းချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဗျူရို အရာရှိ ဟီဒါကီ ကာဆူကာဘီက Yokogawa Bridgeဟာ MECဆီကို နောက်ထပ် ငွေကြေး ပေးချေရမယ့် ကိစ္စတွေ ရှိသေးတယ်လို့ အတည်ပြု ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လောက် ထပ်ပေးရမယ် ဆိုတာနဲ့ ဘယ်အချိန်ကာလအတွင်း လွှဲပေးရမလဲ ဆိုတာတွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

MECဟာ စစ်တပ်ကို အထောက်အပံ့ ဖြစ်စေမယ့် ငွေကြေးတွေကို ကုန်ထုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းတွေကနေ အလုံးအရင်း ရှာဖွေပေးနေဆဲ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျတို့ဟာ MECနဲ့ မြန်မာစစ်တပ်ပိုင် တခြား စီးပွားရေး လုပ်ငန်းစုတွေကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး ကတည်းက မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာခဲ့သလို နိုင်ငံကိုလည်း ပြည်တွင်းစစ်နွံထဲ ဆွဲချခဲ့ပါတယ်။ HRWက ဂျပန် ဝန်ကြီးချုပ် ကီရှီဒါ အနေနဲ့ သူ့ရဲ့ စကားအပေါ် အပြည့်အဝ တာဝန်ယူပြီး MECအတွက် ဂျပန်က နောက်ထပ် ငွေကြေးပေးချေမှုတွေကို ဆိုင်းငံ့ဖို့၊ လူသားချင်း စာနာမှုကဏ္ဍ မဟုတ်တဲ့ တခြား အထောက်အပံ့ မှန်သမျှ စစ်ကောင်စီဆီ မရောက်​အောင် တားဆီးဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ကိုးကား- HRW

ဆက်စပ်သတင်းများ

သတင်း

တာလောကြီးကျေးရွာ ပေါ်ဆာဒီးဒေသအနီးတဝိုက်သို့လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲဝင် တပ်ဖွဲ့တစ်ခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း ဖာပွန်ဒေသစစ်ရေး အခြေအနေကို ယနေ့ (မေလ ၂၃ရက်)တွင် လူမှုကွန်ရက်မှ တဆင့်အသိပေးခဲ့သည်။

သတင်း

ဝိုင်းမော်ဘက်ခြမ်း၌ တိုက်ပွဲပြင်းထန်နေ၍ မြစ်ကြီးနားမြို့ဘက်ခြမ်း၌ အစစ်အဆေးတင်းကြပ်နေ​ကာ ယ​နေ့ ည​နေပိုင်းမှစ၍ မြို့အဝင်အထွက်ကိုပိတ်ထား​ကြောင်းစစ်​ရေးရင်းမြစ်အချို့က ပြောသည်။

သတင်း

အာရက္ခတပ်တော် (AA)က နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်​တွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသလို မြို့နယ်ပေါင်း ၁၀ ခုလောက်ကိုသိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။