Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်မှုထမ်းရန်လူစုဆောင်းသည့် အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

ရဲဘော်များမှ စစ်ရေးပစ်မှတ်အား ရှင်းလင်းချိန်သည့် နေ့ဘက်ဖြစ်၍ အုပ်ကြီးမျိုးထွန်းနှင့်အတူပါလာသည့် မည်သည့်ပစ္စည်းကိုမှ သိမ်းဆည်းချိန်မရလိုက်ဘဲ ပြန်ဆုတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

(စစ်ကောင်စီခန့်အုပ်ကြီး ခင်မောင်ဝင်းထံမှ သိမ်းဆည်းရရှိသော သေနတ်၊ လက်ပစ်ဗုံးအပါအဝင် ဆက်စပ်ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)
(စစ်ကောင်စီခန့်အုပ်ကြီး ခင်မောင်ဝင်းထံမှ သိမ်းဆည်းရရှိသော သေနတ်၊ လက်ပစ်ဗုံးအပါအဝင် ဆက်စပ်ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် အတင်းအဓမ္မလူသစ်စုစောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်အရေးယူခဲ့ရာ တစ်ဦးသေဆုံးသွား​သည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ် စု၊ အင်ပင်လှအုပ်ချုပ်ရေးမှူး မျိုးထွန်းနှင့် ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ် စု၊ အင်းမကွင်းအုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းဆိုသူတို့ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

သဲကုန်းနယ်၊ အင်ပင်လှအုပ်ချုပ်ရေးမှူး မျိုးထွန်းဆိုသူကို ယနေ့(မေ ၂၃)နံနက် ၆ နာရီခွဲခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ(၃) Wisdom (၂)မှရဲဘော်များက ၎င်း၏နေအိမ်အနီး၌ သေနက်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စျေးဝယ်ထွက်လာတာကိုစောင့်ပြီး ပစ်တာ။ တစ်ချက်ထဲ”ဟု တပ်ရင်း ၃၆၀၁မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ရဲဘော်များမှ စစ်ရေးပစ်မှတ်အား ရှင်းလင်းချိန်သည့် နေ့ဘက်ဖြစ်၍ အုပ်ကြီးမျိုးထွန်းနှင့်အတူပါလာသည့် မည်သည့်ပစ္စည်းကိုမှ သိမ်းဆည်းချိန်မရလိုက်ဘဲ ပြန်ဆုတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ မေလ ၂၁ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ အင်းမကွင်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ခင်မောင်ဝင်းသည် ၎င်း၏နေ အိမ်၌ အစည်းအဝေးပြုလုပ်နေစဥ် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက နေအိမ်သို့ ဝင်ရောက်စီးနင်းခဲ့သည်။

စီးနင်းစဥ် အုပ်ကြီး ခင်မောင်ဝင်းမှ သေနတ်နှင့် ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ အုပ်ကြီးခင်မောင်းမှာ အ ပြင်းအထန်ဒဏ်ရာရသွားပြီး ပျူစောထီးနှစ်ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄မှ ခွဲမှူး ရဲဘော်ဒေဝကပြောသည်။

ထို့အပြင် အုပ်ကြီးခင်မောင်ဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အတူထိုင်နေသည့် ပျူစောထီးနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အုပ်ကြီးအိမ်မှ ခြောက်လုံးပြူးသေနတ်တစ်လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံးတစ် လုံး၊ ဖုန်းနှစ်လုံးအပါအဝင် စာရွက်စာတမ်းနှင့် တံဆိပ်တုံးနှစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“(အုပ်ကြီးအိမ်တွင် စစ်ကောင်စီတပ်များ)ခုထိ လုံခြုံရေး ယူပေးထားတယ်။ ကြို့ပင်ကောက်ဘက်မှာ အဲဒီအုပ်ကြီး(ခင်မောင်ဝင်း)က တော်တော် စစ်သားစုဆောင်းရေးမှာ တော်တော်နံမည်ထွက်တယ်”ဟု ရဲဘော်ဒေဝက ​ပြောသည်။

အထင်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများသည် စစ်ကောင်စီအတွက် လူသစ်စုစောင်းရာတွင် အဓိကပါဝင်ခြင်း၊ စစ်မှုထမ်းဥပဒေကိုအသက်သွင်းကာ ပြည်သူများအား အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ ပစ်ခတ်အရေးယူခြင်းများ လုပ်ဆောင်လျှက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်ပါသော​ရာ ကျန်ရှိနေသောရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းကြရန် သတိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်မှာ နိုင်ငံတော် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ ခြွင်းချက်မရှိ အကြီးမားဆုံး ဩဇာကို ပိုင်ဆိုင်ထားပြီး သမ္မတ နေရာရဲ့ အထက်ကနေ ကွပ်ကဲနေပါတယ်။

သတင်း

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူ‌​စောထီးရွာဖြစ်သည်။

သတင်း

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။