Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ သွေးထိုးမှုကြောင့် ရခိုင်မှာ ကြမ်းကြုတ်ရက်စက်မှုတွေထပ်ဖြစ်မှာစိုးရိမ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဆို

အာရက္ခတပ်တော် (AA)က နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်​တွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသလို မြို့နယ်ပေါင်း ၁၀ ခုလောက်ကိုသိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

(ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဗိုလ်ကာတက်ခ်။ဓါတ်ပုံ-ရိုက်တာ )
(ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဗိုလ်ကာတက်ခ်။ဓါတ်ပုံ-ရိုက်တာ )

People’s Spring

မြန်မာနိုင်ငံ အနောက်ဖက်စွန်းက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန် အရှိန်မြင့်တက်လာခြင်းနဲ့အတူ စစ်​တပ်ရဲ့ သွေးထိုးမှု​တွေကြောင့် ကြမ်းကြုတ် ရက်စက်မှုတွေ ထပ်မံ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကသတိပေးပြောကြားခဲ့ပါတယ်။

အာရက္ခတပ်တော် (AA)က နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်​တွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသလို မြို့နယ်ပေါင်း ၁၀ ခုလောက်ကိုသိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတက်ခ်ကတော့ တကျော့ပြန် စစ်ပွဲတွေကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ပြန်လည် ခေါင်းထောင်လာမှာကို စိုးရိမ်တယ်လို့ဆိုတာပါ။

Public Service Announcement

Public Service Announcement

လတ်တလောမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင် မြို့နယ်ထဲမှာ နိုင်ထက်စီးနင်း လုပ်ရပ်တွေ၊ ပြည်သူတွေရဲ့ အိုးအိမ်တွေ ထိခိုက်ပျက်စီးမှု သတင်းတွေကို ကြားနေရကြောင်း၊ ရိုဟင်ဂျာ မျိုးနွယ်စုတွေ အပါအဝင် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်းနေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့သူက ဆိုပါတယ်။

သူက ရခိုင်ပြည်နယ်မှာ ရခိုင်လူထုနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေးဆိုင်ရာ တင်းမာမှုတွေ ရှိနှင့်ပြီး ဖြစ်သလို အခြေအနေတွေ ပိုဆိုးလာအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လောင်စာ ဖြည့်ပေးနေကြောင်း၊ လက်ရှိ ကာလဟာ ရခိုင်ပြည်နယ်ထဲမှာ နောက်ထပ် ကြမ်းကြုတ် ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေ အမြင့်ဆုံး သေရေးရှင်ရေး ကာလတစ်ခု ဖြစ်နေကြောင်းလည်း သူက သတိပေးသွားပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ ခု ရှိတဲ့အနက် AAက ၁၅ ခုမှာ စစ်ဆင်ရေးတွေ ဆင်နွှဲနေပါတယ်။ ရခိုင်ပြည်နယ်ထဲက စစ်ရေး ပဋိပက္ခတွေကြောင့် ထိခိုက်သေဆုံးသူရာနဲ့ချီ ရှိခဲ့ပြီး ဒေသခံ သုံးသိန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြပါတယ်။

တက်ခ်က AAရော၊ အာဏာသိမ်း စစ်ကောင်စီကိုပါ တိုကရိုက် ဦးတည်ပြီး တိုက်ပွဲဇုန်တွေမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုစောင့်ရှောက် ကာကွယ်ပေးဖို့၊ လူသားချင်း စာနာမှု အကူအညီတွေကို အဆီးအတားမရှိ ပို့ဆောင်ခွင့်ပြုဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ရှောင် ပြည်သူတွေကိုလည်း အတတ်နိုင်ဆုံး အကူအညီတွေ ပေးဖို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကိုပါ တက်ခ်က မေတ္တာရပ်ခံထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၁၇ တုန်းက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး အမည်ခံပြီး ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ မွတ်ဆလင် မျိုးနွယ်စုတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းခဲ့တာကြောင့် အခုအခါ ICJ မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရပါတယ်။

အာရက္ခတပ်​တော်(AA)ရဲ့နိုင်ငံ​ရေးဦး​ဆောင်အဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA ) ကလည်း ​မေ ၂၀.ရက်​နေ့မှာ ရခိုင်ပြည်နယ် အ​ခြေအ​နေနဲ့ပတ်သပ်ပြီးသတင်းထုတ်ပြန်ရာမှာ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း​တွေဖြစ်တဲ့ RSO၊ ARSA၊ ARA အစရှိတဲ့အဖွဲ့အစည်း​တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်းအမည်ခံ ကိုယ်ကျိုးရှာ အဖွဲ့အစည်း​တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ အာဘော်နဲ့တူညီတဲ့ စကား​တွေကို “ပုလင်းတူ ဗူးဆို့” ဆိုသလို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ပြောဆိုနေတယ်လို့ ဖော်ပြထားပါတယ် ။

ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စု​​တွေ နဲ့ ဒေသခံမူဆလင်ပြညသူလူထုအကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှု​တွေကို တမင်ပျက်ပြားစေဖို့ရည်ရွယ်ပြီး​တော့ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတာခြင်းဖြစ်ပြီး အဲဒီသတင်း​တွေဟာမှန်ကန်မှုမရှိကြောင်းနဲ့ အဲဒီသတင်းမှား​တွေ ပြောဆိုရေးသားနေသူ​တွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုထားပါတယ် ။

ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်း​တွေနဲ့ မီဒီယာ​တွေအနေနဲ့လည်း အာရက္ခဒေသတွင်းမှာ လတ်တလောဖြစ်ပေါ်​နေတဲ့ သတင်းအချက်အလက်​တွေရဲ့ ပကတိအမှန်တရားကို ဘက်လိုက်မှုမရှိဘဲ သတင်း ကျင့်ဝတ်နဲ့ အညီ သတင်းရယူနိုင်ရေးအတွက် လိုလိုလားလား လက်ခံကြိုဆို​နေတယ်လို့ ULA က​ဆိုပါတယ် ။ အမှန်တရားကိုလိုလားပြီး ဘယ်လိုအကြမ်းဖက်လုပ်ရပ်ကိုမဆို ဆန့်ကျင် ကန့်ကွက်ရှုတ်ချ တယ်လို့လည်း ပါရှိပါတယ် ။

အလာယတူ နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့​တွေနဲ့အတူလက်တွဲပြီး​တော့ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်း​တွေနဲ့ လက်တွဲဆောင်ရွက်လို့ရတဲ့ ကဏ္ဍ​တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲအသင့်ရှိတယ်လို့လည်းဆိုပါတယ်။

ဘူးသီးတောင်၊ မောင်တော ဒေသ ​တွေရဲ့လက်ရှိအရေးကိစ္စ​တွေနဲ့ပတ်သက်၍ မိမိတို့အဖွဲ့အစည်းကို မလိုလားသော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲချက်များနှင့် ကွဲလွဲနေသော ပကတိ မြေပြင်အမှန် တရား​တွေကို ကွဲကွဲပြားပြား၊ မှန်မှန်ကန်ကန် သိရှိနိုင်စဖို့အတွက် မိမိတို့ အဖွဲ့အစည်းထံ အချိန်မရွေး ဆက်သွယ် နိုင်တယ်လို့လည်း​ကြေညာပါတယ် ။အဲဒီကိစ္စရပ်မယ​တွေအတွက် ဘက်မလိုက်တဲ့ မည်သည့်အဖွဲ့အစည်း​တွေနဲ့မဆို အတူပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ULA ကထုတ်ပြန်ထားပါတယ် ။

ကိုးကား- Straits Times

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဝင် တပ်ဖွဲ့တစ်ခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း ဖာပွန်ဒေသစစ်ရေး အခြေအနေကို ယနေ့ (မေလ ၂၃ရက်)တွင် လူမှုကွန်ရက်မှ တဆင့်အသိပေးခဲ့သည်။

သတင်း

ဝိုင်းမော်ဘက်ခြမ်း၌ တိုက်ပွဲပြင်းထန်နေ၍ မြစ်ကြီးနားမြို့ဘက်ခြမ်း၌ အစစ်အဆေးတင်းကြပ်နေ​ကာ ယ​နေ့ ည​နေပိုင်းမှစ၍ မြို့အဝင်အထွက်ကိုပိတ်ထား​ကြောင်းစစ်​ရေးရင်းမြစ်အချို့က ပြောသည်။

သတင်း

တရုတ်ဟာ အရင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ဖြူဖက်ကို လုံးလုံးလျားလျား အာရုံပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

သတင်း

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။